တာချီလိတ်တွင် ထိုင်းဘက်မှ EP ဖြင့်ဝင်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦး ချောင်းဆိုးနေသဖြင့် ဆေးရုံစောင့်ကြည့်ကုသခန်းတွင် ထားရှိ စောင့်ကြည့် ကုသပေးနေ

တာချီလိတ်တွင် ထိုင်းဘက်မှ EP ဖြင့်ဝင်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦး ချောင်းဆိုးနေသဖြင့် ဆေးရုံစောင့်ကြည့်ကုသခန်းတွင် ထားရှိ စောင့်ကြည့် ကုသပေးနေ
မတ် 18, 2020
By Tachileik News Agency
တာချီလိတ်တွင် ထိုင်းဘက်မှ EP ဖြင့်ဝင်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦး ချောင်းဆိုးနေသဖြင့် ဆေးရုံစောင့်ကြည့်ကုသခန်းတွင် ထားရှိ စောင့်ကြည့် ကုသပေးနေ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် မတ်လ (၁၈)ရက်နေ့၌ လည်ချောင်းနာနေသည့် တရုတ်နိုင်ငံသား တစ်ဦးကို ခရိုင်ပြည်သူ့ဆေးရုံကြီး၏ စောင့်ကြည့်ကုသခန်းတွင် ထားရှိကုသပေးနေကြောင်း သိရသည်။

သူက ပထမ ချောင်းဆိုးတယ်၊ လည်ချောင်းနာတယ်၊ ဖျားတယ်ဆိုတော့ သွားစစ်တော့ သူက တရုတ်နိုင်ငံက လာတာကလည်း (၁၄)ရက်အတွင်းဖြစ်နေတော့ ဆေးရုံကို ခေါ်ထားတယ်။ လက်ရှိက ဆေးရုံမှာ စောင့်ကြည့်ကုသခန်းမှာ ထားပြီးကုပေးနေပါတယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၈)ရက်နေ့တွင် ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ထိုင်းနိုင်ငံဘက်က တရုတ်နိုင်ငံသားများ နယ်စပ်မှ ဝင်ခွင့်ပိတ်လိုက်သဖြင့် တာချီလိတ်ဘက်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား (၅၀၀)ကျော်မှ တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၊ ရှန်ကျန့်ဒေသမှ မတ်လ (၆)ရက်နေ့တွင် ထွက်ခွာလာသူဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် တရုတ်နိုင်ငံ ရှန်ကျန့်မှ မတ်လ (၆)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက် - ချင်းမိုင် - မယ်ဆိုင်မှ တစ်ဆင့် ယင်းနေ့မှာပင် တာချီလိတ်ဘက်သို့ ဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရောက်ရှိစဉ် ကုမ္ပဏီတစ်ခုတွင် တည်းခိုနေထိုင်ခဲ့ပြီးနောက် ချောင်းဆိုး၊ လည်ပင်းနာသဖြင့် ပြင်ပပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားပြစဉ် ဆေးရုံက လက်မခံဘဲ ပြန်လွှတ်သဖြင့် ဟိုတယ်တစ်ခုတွင် တည်းခိုရန်သွားစဉ် ဟိုတယ်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် မတ်လ (၁၆)ရက်နေ့က ဟိုတယ်တစ်ခုတွင် တည်းခိုရန်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားပေးသဖြင့် တရုတ်နိုင်ငံမှ (၁၄)ရက်အတွင်း လာရောက်သူဖြစ်၍ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

မတ်လ (၁၆)ရက်နေ့က စစ်ဆေးထားသည့် တရုတ်နိုင်ငံသားတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့်နေသည့် (၇)နိုင်ငံမှ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူများကို ရောဂါလက္ခဏာ တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ (၁၄)ရက်ကြာ သီးခြားစောင့်ကြည့်ခြင်းကို မတ်လ (၁၅)ရက်နေ့မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်လာသူများကို ဆောင်ရွက်နေပြီး နယ်စပ်ဝင်ပေါက်များမှ ဝင်လာသူများကိုပါ လုပ်ဆောင်နိုင်ရန် စီစဉ်နေပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~