ယခင္ႏွစ္က ေလွ်ာက္ထားသူမရိွခဲ့သည့္ က်ိဳင္းတံု ေနာင္တံုကန္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ ယခုႏွစ္အတြက္ ထပ္မံခ်ထားေပးမည္

ယခင္ႏွစ္က ေလွ်ာက္ထားသူမရိွခဲ့သည့္ က်ိဳင္းတံု ေနာင္တံုကန္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ ယခုႏွစ္အတြက္ ထပ္မံခ်ထားေပးမည္
စက်တင်ဘာ 8, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ (၃၅)ဧက နီးပါးက်ယ္ဝန္းသည့္ ေနာင္တံုကန္တြင္ ယခင္ႏွစ္က ေလွ်ာက္ထားသူမရိွသည့္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ကို ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလအတြင္း ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေနာင္တံုကန္ထဲက ငါးေတြကို ဒီတုိင္းထားရင္ ေသမယ္။ ငါးလုပ္ငန္းဦးစီးဌာနကလည္း အႀကံျပဳထားတာက ငါးေတြဖမ္းခိုင္းေပါ့ေနာ္။ ဒါေၾကာင့္ လုပ္ငန္းလုိင္စင္ေခၚယူဖို႔ လုပ္ေနပါတယ္။ ဒီရက္ပိုင္းမွာ ထုတ္သြားဖို႔ေတာ့ရိွတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထုိက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းလုိင္စင္ကို ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ၿပီးေနာက္ စည္ပင္သာယာေရးဌာနက စတင္လႊဲေျပာင္း ရယူခဲ့သည့္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ခ်ထားေပးျခင္းမရိွဘဲထားရာ ၂၀၁၈ ခုနွစ္၊ ေအာက္တိုဘာလတြင္ ကန္အတြင္း ငါးမ်ားအစုလုိက္အၿပံဳလုိက္ ေသဆံုးမႈမ်ား ျဖစ္ခဲ့သည္။

ေနာင္တံုကန္အတြင္း ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ကို စည္ပင္သာယာေရးဌာနက ပထမဆံုးအျဖစ္ ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္အတြက္ ေခၚယူရာတြင္ ကန္အတြင္း ငါးေသဆံုးမႈမ်ားျဖစ္ခဲ့၍ လုိင္စင္ေလွ်ာက္ထားသူ မရိွခဲ့ျခင္းျဖစ္သည္။

ေနာင္တုံကန္ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္းက ငါေသဆံုးမႈမ်ားေၾကာင့္ ကန္အတြင္း Blue Green Algae မ်ား ေလ်ာ့နည္းရန္ ထံုးထည့္ေပးျခင္း၊ ေအာက္စီဂ်င္ပိုမိုရရိွေစရန္ ကန္အတြင္း Speed Boat ျဖင့္ လွည့္လည္ေမာင္းႏွင္ျခင္းမ်ား ေဆာင္ရြက္ထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ယခင်နှစ်က လျှောက်ထားသူမရှိခဲ့သည့် ကျိုင်းတုံ နောင်တုံကန် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင် ယခုနှစ်အတွက် ထပ်မံချထားပေးမည်
******************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ (၃၅)ဧက နီးပါးကျယ်ဝန်းသည့် နောင်တုံကန်တွင် ယခင်နှစ်က လျှောက်ထားသူမရှိသည့် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“နောင်တုံကန်ထဲက ငါးတွေကို ဒီတိုင်းထားရင် သေမယ်။ ငါးလုပ်ငန်းဦးစီးဌာနကလည်း အကြံပြုထားတာက ငါးတွေဖမ်းခိုင်းပေါ့နော်။ ဒါကြောင့် လုပ်ငန်းလိုင်စင်ခေါ်ယူဖို့ လုပ်နေပါတယ်။ ဒီရက်ပိုင်းမှာ ထုတ်သွားဖို့တော့ရှိတယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်တုံကန်အတွင်း ငါးဖမ်းလုပ်ငန်းလိုင်စင်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ပြီးနောက် စည်ပင်သာယာရေးဌာနက စတင်လွှဲပြောင်း ရယူခဲ့သည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ချထားပေးခြင်းမရှိဘဲထားရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကန်အတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ခဲ့သည်။

နောင်တုံကန်အတွင်း ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ကို စည်ပင်သာယာရေးဌာနက ပထမဆုံးအဖြစ် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခေါ်ယူရာတွင် ကန်အတွင်း ငါးသေဆုံးမှုများဖြစ်ခဲ့၍ လိုင်စင်လျှောက်ထားသူ မရှိခဲ့ခြင်းဖြစ်သည်။

နောင်တုံကန်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက ငါသေဆုံးမှုများကြောင့် ကန်အတွင်း Blue Green Algae များ လျော့နည်းရန် ထုံးထည့်ပေးခြင်း၊ အောက်စီဂျင်ပိုမိုရရှိစေရန် ကန်အတွင်း Speed Boat ဖြင့် လှည့်လည်မောင်းနှင်ခြင်းများ ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net