တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဌာန(၁၀)ခု ပါဝင်သည့် OSS အဖွဲ့က မေလ(၂၄)ရက်နေ့တွင် ကွင်းဆင်းကာ ဆောင်ရွက်ပေးမည်

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဌာန(၁၀)ခု ပါဝင်သည့် OSS အဖွဲ့က မေလ(၂၄)ရက်နေ့တွင် ကွင်းဆင်းကာ ဆောင်ရွက်ပေးမည်
မေ 23, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဌာန(၁၀)ခုပါဝင်သည့်  ပြည်သူ့ဝန်ဆောင်မှု OSS အဖွဲ့က ဒုတိယအကြိမ်အဖြစ် ရပ်ကွက်များအလိုက် ၀န်ဆောင်မှုပေးနေလျက်ရှိရာ ၂၀၁၉ခုနှစ် မေလ(၂၄)ရက်နေ့တွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ နံနက်(၁၀)နာရီမှ ညနေပိုင်းအချိန်ထိ ပြုလုပ်ပေးမည်ဖြစ်သည့် အတွက် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းနေ ပြည်သူများအနေဖြင့် လာရောက်ဆောင်ရွက်နိုင်ရန် ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးတွင် စီစဉ်ထားရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ်  ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ပထမအကြိမ်အဖြစ် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဌာန(၁၀)ခုဖြင့် ၀န်ဆောင်မှုပေးခဲ့ရာတွင် ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ထောက်ခံစာ(၉)ခု၊ လ၀က လုပ်ငန်း (၄၇)ခု၊ စည်ပင်လုပ်ငန်း (၄)ခု နှင့် ကျန်းမာရေး လုပ်ငန်း (၁)ခု စုစုပေါင်း (၆၁)ခု ၀န်ဆောင်မှုပေးနိုင်ခဲ့ကြောင်း နှင့် ဒုတိယအကြိမ်တွင်လည်း ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းနေ ပြည်သူများအနေဖြင့် ဌာနဆိုင်ရာ (၁၀)ခုနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လာရောက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဌာန(၁၀)ခု ပါဝင်သည့် One Stop Shop(OSS)  အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ပြန်/ထူ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့်လုပ်ငန်းများကို  သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဌာန(၁၀)ခုပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှု OSS အဖွဲ့က ဒုတိယအကြိမ်အဖြစ် ရပ်ကွက်များအလိုက် ဝန်ဆောင်မှုပေးနေလျက်ရှိရာ ၂၀၁၉ခုနှစ် မေလ(၂၄)ရက်နေ့တွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ နံနက်(၁၀)နာရီမှ ညနေပိုင်းအချိန်ထိ ပြုလုပ်ပေးမည်ဖြစ်သည့် အတွက် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းနေ ပြည်သူများအနဖြေင့် လာရောက်ဆောင်ရွက်နိုင်ရန် ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးတွင် စီစဉ်ထားရှိကြောင်း သိရသည်။



Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net