ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ များလာသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်

ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ များလာသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်
သြဂုတ် 21, 2020
By Tachileik News Agency
ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ များလာသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Covid-19 နှင့် ပတ်သက်ပြီး ပြည်တွင်းကူးစက်မှု အတည်ပြုလူနာများ တိုးလာ၍ ညမထွက်ရ အမိန့်ကို ည(၉)နာရီမှ နံနက်(၄)နာရီအထိ မထွက်ရအဖြစ် ဩဂုတ်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားရှိသည်။

စစ်တွေမြို့နယ်အတွင်း Covid-19 ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ခွင့်ပြုချက်ရမှ အပ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့ ကစ၍ ည(၉)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိ ညမထွက်ရန် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြထားရှိသည်။
အဆိုပါ အမိန့်အား ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့ အမိန့်ထုတ်ပြန်ပြီးသည့်နေ့မှ စ၍ (၂)လအတည်ဖြစ်ပြီး အမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် ပြည်ပခရီးသွားလာခြင်းမရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်း မရှိသည့် COVID-19 အတည်ပြုလူနာ (၁)ဦးကို သြဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရပြီးနောက်  သြဂုတ်လ (၂၁)ရက်နေ့ နံနက်(၈)နာရီ အချိန်အထိ စစ်တွေမြို့တွင် (၁၈)ဦး နှင့် မြောက်ဦးမြို့တွင် (၁)ဦး စုစုပေါင်း (၁၉)ဦးတို့တွင်  COVID-19 တွေ့ရှိထားခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စစ်တွေမြို့နယ်အတွင်း ပြည်သူများအား  သြဂုတ်လ (၂၀) ရက် နေ့ ည(၈)နာရီကစ၍ မိမိနေအိမ်တွင်သာ နေထိုင်ရန်( Stay at Home ) အမိန့်ထုတ်ပြန်ထားရှိသည်။ 

  Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~