တာချီလိတ်ဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်များ တားဆီးရေး မယ်ဆိုင်ဘက်တွင် စီစီတီဗီ၊ ဒရုန်းများဖြင့်ပါ ကင်းလှည့်ခြင်းလုပ်ဆောင်

တာချီလိတ်ဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်များ တားဆီးရေး မယ်ဆိုင်ဘက်တွင် စီစီတီဗီ၊ ဒရုန်းများဖြင့်ပါ ကင်းလှည့်ခြင်းလုပ်ဆောင်
ဇူလိုင် 10, 2020
By 🌸
တာချီလိတ်ဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်များ တားဆီးရေး မယ်ဆိုင်ဘက်တွင် စီစီတီဗီ၊ ဒရုန်းများဖြင့်ပါ ကင်းလှည့်ခြင်းလုပ်ဆောင်

ထိုင်းနိုင်ငံဘက်တွင် COVID 19 ပျံ့နှံ့မှုထိန်းချုပ်ရေး ဆောင်ရွက်နေဆဲဖြစ်၍ နယ်စပ်ဂိတ်များ ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်းများရှိနေ၍ နယ်စပ်ကင်းလှည့်တပ်ဖွဲ့အင်အားတိုးမြှင့်ခြင်းအပြင် CCTV နှင့် ဒရုန်းများကိုပါ အသုံးပြုလာကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လုပ်ငန်းအချို့ပြန်လည်လုပ်ကိုင်ခွင့်ပြုလာပြီဖြစ်ရာ လုပ်သားလိုအပ်ချက်ရှိလာပြီဖြစ်သော်လည်း နယ်စပ်ဂိတ်များကို ပိတ်ထားဆဲဖြစ်၍ မြန်မာဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများရှိနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးတွင် COVID 19 အတည်ပြုလူနာများ တွေ့နေရဆဲဖြစ်၍ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နေရဆဲဖြစ်ရာ ပြည်ပနိုင်ငံများမှ ဝင်လာသူများအား အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (quarantine) ကို နှစ်နိုင်ငံလုံးတွင် ဆောင်ရွက်နေရဆဲကာလအတွင်း နယ်စပ်မှ တရားမဝင် ဝင်လာသူများကြောင့် ရောဂါပျံ့နှံ့မည်ကိုလည်း ထိုင်းဘက်က စိုးရိမ်မှုများရှိကြောင်း သိရသည်။

မယ်ဆိုင်ဒေသတွင်း COVID 19 ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းများအား တားဆီးရေးအတွက် တာချီလိတ်နှင့် မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီများ ပူးတွဲဆောင်ရွက်ရန်၊ နယ်စပ်ကင်းလှည့်အဖွဲ့ကို (၂၅)ဖွဲ့အထိတိုးမြှင့်မည့်အပြင် ခိုးဝင်လမ်းကြောင်းများဟု ယူဆရသည့်နေရာ (၁၇)နေရာတွင် ဆိုလာမီးတိုင်များစိုက်ကာ စီစီတီဗီများဖြင့် စောင့်ကြည့်ခြင်း၊ သံဆူးကြိုးများ ကာရံခြင်း၊ မြို့တွင်းသွားရာလမ်းများ၌ စစ်ဆေးရေးဂိတ်များဖြင့် စောင့်ကြည့်ခြင်း၊ ဒေသခံများထံမှ သတင်းရယူခြင်း၊  ဒရုန်းများဖြင့် ကင်းလှည့်ခြင်းတို့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မယ်ဆိုင်ဘက်သို့ နယ်စပ်မှ တရားမဝင်ဖြတ်ကျော်ဝင်ရောက်သူများကို ဖမ်းဆီးနေရာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့မှစ၍ ဇူလိုင်လဆန်းအထိ ခိုးဝင်မှု (၃၄)မှုမှ မြန်မာ (၁၁၃)ဦး၊ လာအို (၁၀)ဦးနှင့တရုတ် (၂)ဦးတို့ကို ဖမ်းမိထားကြောင်း သိရသည်။

Tachileik News Agency
Source: แม่สายเออีซี - สื่อสร้างสรรค์


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~