တာချီလိတ်မြို့တွင် တစ်နေ့တည်း (၅)ဦးမြောက်အဖြစ် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး

တာချီလိတ်မြို့တွင် တစ်နေ့တည်း (၅)ဦးမြောက်အဖြစ် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး
နိုဝင်ဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တစ်နေ့တည်း (၅)ဦးမြောက်အဖြစ် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် 1G1 ဟိုတယ်မှ ဝန်ထမ်း အတည်ပြုလူနာနှင့် ထိတွေ့သည့် ဟိုတယ်မှ ဝန်ထမ်း (၂၁) ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ နေ့လည်က  စစ်ဆေးရာ (၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ဟိုတယ်ကို lock down ချလိုက်ပြီဖြစ်သည်။
“ဟိုတယ်က ထိတွေ့မှု သူတို့စာရင်းပေးတာ (၁၇) ဦးနဲ့ ဒီနေ့ စာရင်းထပ်ပေးတဲ့ (၄)ဦး စုစုပေါင်း (၂၁) ဦးမှာ (၁) ဦး positive တွေ့တယ်။ ဟိုတယ်ကိုတော့ အခု lock down ချခိုင်းလိုက်ပြီ။ ပုန်းထွန်ရပ်ကွက်အိမ်ကိုလည်း lock down ချဖို့ လိုမလို အခုစစ်ဆေးနေတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
 အဆိုပါ ဟိုတယ်တွင် နိုဝင်ဘာလ (၁၆)ရက်နေ့အထိ အလုပ် လုပ်ခဲ့သည့် ဝန်ထမ်းအမျိုးသမီး (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း နိုဝင်ဘာလ (၂၅) ရက်နေ့၌ တွေ့ရသဖြင့် တာချီလိတ်မှ ထိတွေ့သူ စုစုပေါင်း (၂၈)ဦးကို နိုဝင်ဘာလ (၂၇)ရက်နေ့၌ စစ်ဆေးရာ (၅)ဦးတွင် ပိုးကူးစက်ထားသည်ကို တွေ့ရခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့သည့် ကျိုင်းတုံမှ (၃၁)ဦးအား ပထမအကြိမ် စစ်ဆေးမှုအတွင်း (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၆) ရက်နေ့က စစ်ဆေးတွေ့ရခြင်းဖြစ်သည်။ 
ကျန်ထိတွေ့သူများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တာချီလိတ်မြို့နယ် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~