တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးမှာ ထိရောက်မှုနည်းသည်ဟု တရုတ်ဝန်ခံ

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးမှာ ထိရောက်မှုနည်းသည်ဟု တရုတ်ဝန်ခံ

 တရုတ်နိုင်ငံထုတ် Covid-19   ကာကွယ်ဆေးမှာ ထိရောက်မှုအားနည်းသည်ဟု တရုတ်ရောဂါထိန်းချုပ်ရေးထိပ်ပိုင်းအရာရှိတစ်ဦးက ရှားရှားပါးပါးဝန်ခံပြောကြားလိုက်ပြီး ကာကွယ်ဆေး ပိုမိုထိရောက်စေရန် ကာကွယ်ဆေးပေါင်းစပ်သည့်နည်းကို စဉ်းစားနေသည်ဟု သိရသည်။



"ကာကွယ်နိုင်တဲ့နှုန်းက သိပ်မမြင့်လှဘူး"ဟု တရုတ် ရောဂါထိန်းချုပ်ရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဂေါင်ဖုက ချန်ဒူးတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၁၀) ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။



ဘေဂျင်းအစိုးရက နိုင်ငံအသီးသီးသို့ ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်းပေါင်း ရာနှင့်ချီ၍ ဖြန့်ဝေထားပြီးဖြစ်သည်။



လက်ရှိတွင် အခြားကာကွယ်ဆေးအား ပြောင်းလဲသုံးစွဲရန်စဉ်းစားနေသည်ဟု သိရသည်။



တရုတ် Sinovac ဆေးသည် ရောဂါကာကွယ်နိုင်စွမ်း အနိမ့်ဆုံးဖြစ်သည့် ၅၀.၄ ရာခိုင်နှုန်းအောက် ရောက်နေသည်ဟု ဘရာဇီးသုတေသီများက တွေ့ရှိထားခြင်းဖြစ်သည့် Pfizer ၏ ကာကွယ်နိုင်စွမ်းမှာ ၉၇ ရာခိုင်နှုန်းအထိရှိသည်ဟု သိရသည်။



တရုတ်က လက်ရှိအချိန်ထိ အခြားနိုင်ငံများမှ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပြုထားခြင်းမရှိသေးဘဲ ပြည်တွင်းမှ ဆေးကို အသုံးပြုနေခြင်းဖြစ်သည်။



Source: CNBC