တာချီလိတ်ခရိုင်အတွင်း COVID 19 ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာကြရန် အသိပေးထုတ်ပြန်

တာချီလိတ်ခရိုင်အတွင်း COVID 19 ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာကြရန် အသိပေးထုတ်ပြန်
သြဂုတ် 22, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း  COVID 19 ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာကြရန် အသိပေးထုတ်ပြန်
တာချီလိတ်ခရိုင်အတွင်း COVID 19 ကာကွယ်ရေးအတွက် မိမိရပ်ရွာတွင် ပြည်ပမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာသို့ မဖြစ်မနေ သတင်းပေးပို့ကြရန်  ခရိုင်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့၌ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
COVID 19 ကူးစက်ခံရခြင်းမရှိစေရန် တတ်နိုင်သမျှ နေအိမ်တွင်နေရန်၊ လူစုလူဝေး မလုပ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ခပ်ခွာခွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ ပြည်ပမှ ပြန်လာသူတိုင်း အသွားအလာကန့်သတ်နေထိုင်ခြင်းအား တာဝန်ရှိသူများက စနစ်တကျထိန်းသိမ်းကြပ်မတ်ကြရန်နှင့် ပြည်ပပြန်များကလည်း ပူးပေါင်းဆောင်ရွက်ကြရန်၊ သံသယလက္ခဏာတွေ့ရပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံး ပြသရန်တို့ကို တိုက်တွန်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၆)ရက်နေ့မှစ၍ ပြည်တွင်းကူးစက်မှုပုံစံတွေ့နေရသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အတိအကျ လိုက်နာကြရန် တိုက်တွန်းထားသည်။
Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~