မကွေးတိုင်းအတွင်း မြို့နယ် (၁၄)ခုရှိ ပြည်သူ့ဆေးရုံများ၌ Covid-19 ကုသရေးအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ခြင်း လုပ်ဆောင်နေ

မကွေးတိုင်းအတွင်း မြို့နယ် (၁၄)ခုရှိ ပြည်သူ့ဆေးရုံများ၌ Covid-19 ကုသရေးအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ခြင်း လုပ်ဆောင်နေ
အောက်တိုဘာ 4, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း မြို့နယ် (၁၄)ခုရှိ ပြည်သူ့ဆေးရုံများ၌ Covid-19 ကုသရေးအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ခြင်း လုပ်ဆောင်နေ
မကွေးတိုင်းဒေသကြီးအတွင်း COVID 19 အတည်ပြုလူနာတိုးလာနေ၍ မြို့နယ် (၂၅)မြို့နယ်ရှိသည့်အနက် မြို့နယ် (၁၄)ခုရှိ ပြည်သူ့ဆေးရုံများ၌ ကုသရေးအတွက် အောက်ဆီဂျင်ပေးရာတွင် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
"မကွေးမြို့ပေါ်ကူးစက် (၂) ဦးကလွဲလို့ ကျန်တာပြည်ပ (၃) ဦးနဲ့ နေပြည်တော်၊ ရခိုင်၊ ရန်ကုန်ပြန်ချည်းပါပဲ။ ဒေသအစိုးရနဲ့ ပြည်သူလူထုပူးပေါင်းအားကြောင့် အခုလို ထိန်းထားနိုင်သေးတာဆိုပေမဲ့ ပေါ့ဆလို့ လုံးဝ မဖြစ်ပါဘူး။ သတိကြီးကြီးထားပြီး ရောဂါထိန်းချုပ်ရေးကို တစိုက်မတ်မတ်လုပ်နေရဦးမှာပါ" ဟု မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၅၁) ဦးရှိနေပြီဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ ကုသရေးအတွက် လိုအပ်သည်များပြင်ဆင်ခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းအပြင် ဒေသတွင်း COVID 19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူများနှင့် ပြည်ပမှ ပြန်ဝင်လာသူများအား အသွားအလာကန့်သတ်ထားရာ facility quarantine စင်တာ (၆၀၃) ခုရှိသည့်အနက် အောက်တိုဘာ (၄) ရက်နေ့အထိ quarantine ဝင်နေသူ (၄,၃၄၇)ဦးရှိနေကြောင်း သိရသည်။
ဒေသတွင်းဖြတ်သန်းသွားသည့် ကုန်တင်ယာဉ်မောင်းများကိုလည်း COVID 19 စစ်ဆေးရန် စီစဉ်နေပြီဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မိမိတို့ မိသားစု၊ မိမိတို့ ပတ်ဝန်းကျင်တွင် COVID 19 ရောဂါလက္ခဏာပြသူများနှင့် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား မလိုက်နာမှုများတွေ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြား ပေးကြပါရန်နှင့် တစ်ဦးချင်း စည်းကမ်းလိုက်နာပေးကြပါရန် ဒေါက်တာသောင်းလှိုင် က တိုက်တွန်းပြောကြားထားသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~