ထိုင်းနိုင်ငံမှ လွှဲပေးလာသည့် မြန်မာနိုင်ငံသား (၈၀)ဦးကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရန် (၁၄)ရက်သီးခြားခွဲ၍ လတ်တလော စားဝတ်နေရေးအတွက် တာချီလိတ်မှ ဌာနဆိုင်ရာများ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ ဝိုင်းဝန်း စောင့်ရှောက်ပေးထား

မတ် 26, 2020
By Tachileik News Agency

ထိုင်းနိုင်ငံမှ လွှဲပေးလာသည့် မြန်မာနိုင်ငံသား (၈၀)ဦးကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရန် (၁၄)ရက်သီးခြားခွဲ၍ လတ်တလော စားဝတ်နေရေးအတွက် တာချီလိတ်မှ ဌာနဆိုင်ရာများ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ ဝိုင်းဝန်း စောင့်ရှောက်ပေးထား

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရန် (၁၄)ရက်သီးခြားခွဲ၍ထားရှိသည့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၈၀)ဦးအတွက် နေ့စဉ် နေထိုင်စားသောက်စရိတ်နှင့် လိုအပ်သည်များကို တာချီလိတ်ဒေသခံများ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီပေးနေကြပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပူးပေါင်းကူညီလိုသူများ ပါဝင်ကူညီနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၈၀)ဦးမှာ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ (၉၃)ဦးကို တာချီလိတ်သို့ မတ်လ (၂၃)ရက်နေ့က ပြန်လည်လွှဲပြောင်းပေးလာစဉ် ကိုယ်အပူချိန်မြင့်နေသူများ ပါဝင်သဖြင့် ဆေးရုံတွင် စောင့်ကြည့်လူနာများအဖြစ် (၁၂)ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ပြီး ကျန် (၈၀)ဦးကို မိုးကုတ်ဝိပဿနာရိပ်သာတွင် (၁၄)ရက်သီးခြားခွဲ၍ ကျန်းမာရေးဦးစီးဌာနက ပုံမှန်စစ်ဆေးမှုများဖြင့် စောင့်ကြည့်ထားခြင်းဖြစ်သည်။

သီးခြားခွဲ၍ စောင့်ကြည့်ရမည့်သူများအတွက် လိုအပ်သည့် အဆောက်အဦနေရာကို မိုးကုတ်ဝိပဿနာက ကူညီပေးခဲ့ခြင်းဖြစ်ပြီး နေ့စဉ် အစားအသောက်၊ အင်တာနက်ဝိုင်ဖိုင်၊ အဝတ်အစား စသည့်လိုအပ်ချက်များကို ဒေသခံများက ပူးပေါင်းလှူဒါန်းကူညီနေကြခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလိုသူများအနေဖြင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖုန်း 09 428 219 995 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~