တရုတ္နုိင္ငံသို႔ လူကုန္ကူးခံရမည့္ မိန္းကေလး(၂)ဦးကို လူကုန္ကူးသူႏွင့္အတူ တာေလၿမိဳ႕တြင္ ဖမ္းမိ

တရုတ္နုိင္ငံသို႔ လူကုန္ကူးခံရမည့္ မိန္းကေလး(၂)ဦးကို လူကုန္ကူးသူႏွင့္အတူ တာေလၿမိဳ႕တြင္ ဖမ္းမိ
သြဂုတ် 16, 2019
By 🌸
တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ေစရန္ တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ခံရမည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းလပ္ၿမိဳ႕မွ မိန္းကေလး(၂)ဦးကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၆)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က တာေလၿမိဳ႕၌ တားဆီးႏုိင္လုိက္ၿပီး လူကုန္ကူးအမ်ိဳးသမီးကိုလည္း ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

က်ိဳင္းလပ္ၿမိဳ႕၊ နန္႔ေငါ့ေက်းရြာမွ မိန္းကေလးႏွစ္ဦးကို တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ေပးရန္အတြက္ တာေလၿမိဳ႕သို႔ လာေခၚသည့္ အသက္ (၂၆)ႏွစ္အရြယ္ နာဖူးကို  ရဲတပ္ဖြဲ႕က ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ မိန္းကေလး (၃)ေယာက္အား ေခၚယူစစ္ေဆးရာ မိန္းကေလး(၂)ဦးကို တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ေစရန္ တရုတ္ႏုိင္ငံဘက္ပို႔ေပးရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

လူကုန္ကူးရန္ႀကိဳးစားသည့္ နာဖူးအား က်ိဳင္းလပ္နယ္ေျမရဲစခန္းတြင္ (ပ) ၅/၂၀၁၉၊ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး ဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - လူကုန္တား

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမည့် မိန်းကလေး(၂)ဦးကို လူကုန်ကူးသူနှင့်အတူ တာလေမြို့တွင် ဖမ်းမိ
************
တရုတ်အမျိုးသားများနှင့် လက်ထပ်စေရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ခံရမည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့မှ မိန်းကလေး(၂)ဦးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာလေမြို့၌ တားဆီးနိုင်လိုက်ပြီး လူကုန်ကူးအမျိုးသမီးကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ နန့်ငေါ့ကျေးရွာမှ မိန်းကလေးနှစ်ဦးကို တရုတ်အမျိုးသားများနှင့် လက်ထပ်ပေးရန်အတွက် တာလေမြို့သို့ လာခေါ်သည့် အသက် (၂၆)နှစ်အရွယ် နာဖူးကို  ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မိန်းကလေး (၃)ယောက်အား ခေါ်ယူစစ်ဆေးရာ မိန်းကလေး(၂)ဦးကို တရုတ်အမျိုးသားများနှင့် လက်ထပ်စေရန် တရုတ်နိုင်ငံဘက်ပို့ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

လူကုန်ကူးရန်ကြိုးစားသည့် နာဖူးအား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၁၉၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net