ရခိုင်ပြည်နယ်မှ (၂၁)ဦး နှင့် ရန်ကုန်မှ (၅)ဦး Covid-19 ပြည်တွင်းကူးစက်လူနာအဖြစ် (၂၆)ဦး ထပ်တိုး

ရခိုင်ပြည်နယ်မှ (၂၁)ဦး နှင့် ရန်ကုန်မှ (၅)ဦး Covid-19 ပြည်တွင်းကူးစက်လူနာအဖြစ် (၂၆)ဦး ထပ်တိုး
သြဂုတ် 30, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်မှ (၂၁)ဦး နှင့် ရန်ကုန်မှ (၅)ဦး Covid-19 ပြည်တွင်းကူးစက်လူနာအဖြစ် (၂၆)ဦး ထပ်တိုး
ဓာတ်ခွဲနမူနာ (၁၂၅၃)ခုအား စစ်ဆေးရာ အတည်ပြုလူနာ (၂၆)ဦး တွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ညအထိ အတည်ပြုလူနာ စုစုပေါင်း (၇၇၅) ဦး ရှိလာပြီဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မင်းပြား၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့်  မင်းပြားတို့မှ (၂၁)ဦးနှင့် ရန်ကုန်တိုင်းမှ (၅)ဦးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ပြီး ယင်းတို့အနက် (၄)ဦးတို့မှာ ရခိုင်ပြည်နယ်တွင်း ရောဂါဖြစ်ပွားမှုများရာဒေသသို့ သွားလာခဲ့သူများဖြစ်ကြောင်း သိရသည်။
ယနေ့အချိန်ထိ အတည်ပြုလူနာများအနက် (၃၄၇)ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်ပြီး (၆)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၆)ရက်နေ့တွင် COVID 19 ပြည်တွင်းကူးစက်မှုအဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့၌ စတင်တွေ့ရပြီးနောက် COVID 19 ကူးစက်ခံရသူအများအပြားကို ဆက်တိုက်တွေ့လာရခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~