မန္တလေးတွင် လူနာစောင့်ပြီး သီပေါပြန်လာသည့် အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့

မန္တလေးတွင် လူနာစောင့်ပြီး သီပေါပြန်လာသည့် အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့

မန္တလေးမြို့တွင်ဆေးကုသမှုခံယူနေသည့် ဖခင်ဖြစ်သူအား ဆေးရုံတွင်ပြုစုခဲ့ပြီး သီပေါသို့ပြန်လာ၍ အသွားအလာကန့်သတ်ထားသူ အမျိုးသား (၁) ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်ဝါရီလ (၈) ရက်နေ့က စစ်ဆေးမှုအတွင်းတွေ့ရသဖြင့် ကုသဆောင်သို့ ပို့ထားကြောင်း သိရသည်။



“သူ့အဖေ ဆေးကုသနေတုန်းမှာ သူက ပြုစုပေးတာ။ သူ့အဖေကလည်း positive လူနာအဖြစ် ဆေးကုသမှုခံပြီးပြီ။ သူ့ကို ဒီနေ့ စစ်ဆေးတဲ့အခါ ပိုးတွေ့ခဲ့တာပါ။ ဆေးရုံကသီးသန့်ဆောင်ကို ပို့ပေးထားပါပြီ” ဟု သီပေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက် (၅၀) အရွယ် အဆိုပါအမျိုးသားသည် မန္တလေးမှပြန်လာကတည်းက သီပေါမြို့၊ စံဖိတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ အသွားအလာကန့်သတ်ထားသည့်အတွက် အခြားထိစပ်သူမရှိကြောင်း သိရသည်။



သီပေါမြို့တွင် လက်ရှိအချိန်ထိ COVID 19 ပိုးတွေ့လူနာ စုစုပေါင်း (၁၂) ဦးရှိခဲ့ပြီး (၁) ဦးသေဆုံးကာ (၈) ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားခဲ့ရပြီဖြစ်သည်။



Tachileik News Agency

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...