မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၉)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၅၉)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၉)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၅၉)ဦး ထပ်တိုး
အောက်တိုဘာ 10, 2020
By Tachileik News Agency

 

မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၉)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၅၉)ဦး ထပ်တိုး
မကွေးတိုင်းဒေသကြီးအတွင်း Covid-19 စစ်ဆေးချက်များ၏ အောက်တိုဘာလ(၉)ရက်နေ့ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း (၆)မြို့နယ်တွင် Covid-19 အတည်ပြုလူနာ (၅၉)ဦး အသစ်ထပ်တိုးကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံ၊ ရေနံချောင်း နှင့် နတ်မောက်မြို့နယ်တို့မှ  COVID-19 အတည်ပြုလူနာ (၃၇)ဦး၊ RDT အမြန်စစ် Result အရ နတ်မောက်၊ ဂန့်ဂေါ၊ သရက်၊ အောင်လံနှင့် တောင်တွင်းကြီးမြို့နယ်တို့မှ (၂၂)ဦး စုစု ပေါင်း(၅၉)ဦး အသစ်ထပ်တိုးတွေ့ရှိ၍ မကွေးတိုင်းဒေသကြီးတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၄၈)ဦးအထိ ရှိနေပြီဖြစ်သည်။ 
“ဒီလ (၂)ရက်က ရန်ကုန် NHL ပို့စစ်တဲ့ PCR result က အောင်လံ (၁)ဦး၊ ရေနံချောင်း (၁၂)ဦးနဲ့ နတ်မောက် (၂၄)ဦးတွေ့ရှိပြီး  RDT အမြန်စစ် result က နတ်မောက် (၁)ဦး၊ အောင်လံ (၆)ဦး၊ ဂန့်ဂေါ (၁)ဦး၊ သရက် (၁)ဦးနဲ့ တောင်တွင်းကြီး (၁၃)ဦးတို့ တွေ့ရှိရလို့ စုစုပေါင်း (၅၉)ဦးတောင် တွေ့ရှိခဲ့ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း အစုလိုက် အပြုံလိုက် ထိတွေ့မှုများသည့် နေရာများကို ခေတ္တ အသွားအလာကန့်သတ်ရမည် ဖြစ်ကြောင်း သိရပြီး အတည်ပြုလူနာ စုစုပေါင်း (၁၄၈)ဦးအနက် လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်း ဆေးရုံအသီးသီး၌  ကုသမှုခံရယူနေဆဲဖြစ်သည့် Covid-19 အတည်ပြုလူနာ စုစုပေါင်းမှာ (၁၀၄)ဦးအထိ ရှိနေပြီး (၄၄)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
သတင်း - ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~