တာချီလိတ်ရှိ အတည်ပြုလူနာ (၂၁) ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေ

တာချီလိတ်ရှိ အတည်ပြုလူနာ (၂၁) ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေ
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်ရှိ အတည်ပြုလူနာ (၂၁) ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၉)ဦး ထပ်တိုးလာ၍ စုစုပေါင်း အတည်ပြုလူနာ (၂၁) ဦးဖြစ်လာပြီး လူနာအားလုံး ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း သိရသည်။
"လူနာတွေအခြေအနေ အကုန်ကောင်းတယ်။ အောက်ဆီဂျင်တောင် မကျဘူး။" ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် နိုဝင်ဘာလ (၂၅)ရက်နေ့က စတင်တွေ့ရသည့် အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့သည့် အတည်ပြုလူနာများ ထပ်တိုးလာနေပြီး ထိတွေ့သူများ ရှာဖွေရေးကို ကျန်းမာရေးက လုပ်ဆောင်နေသည့်အပြင် ထပ်တိုးလာသည့် လူနာများအတွက် ကုသဆောင်တိုးချဲ့နိုင်ရေးကိုပါ ဆောင်ရွက်နေခြင်းဖြစ်သည်။
အတည်ပြုလူနာနှင့် ထိတွေ့သူများအား အတည်ပြုလူနာများထံမှ မေးမြန်းသိရှိရသည့်အချက်များဖြင့် လိုက်လံရှာဖွေခြင်းအပြင် အတည်ပြုလူနာနှင့်ထိတွေ့ထားသူများအနေဖြင့်လည်း လာရောက်အစစ်ဆေးခံနိုင်ရန် ဆေးရုံဟောင်းရှိ fever clinic တွင် နေ့စဉ် နံနက် (၇) နာရီမှ (၁၀)နာရီအထိ နိုဝင်ဘာလ (၂၈) ရက်နေ့မှစတင် စစ်ဆေးပေးနေခြင်းဖြစ်သည်။
တာချီလိတ်တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့က စ၍ လမ်းလုပ်သားတစ်ဦးတွင် လည်းကောင်း နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် လမ်းလုပ်သားအတည်ပြုလူနာနှင့် ထိတွေ့သည့် နောက်ထပ် လမ်းလုပ်သား၌ လည်းကောင်း တွေ့ရှိရပြီး နိုဝင်ဘာလ(၂၅)ရက်နေ့ ညနေပိုင်း၌ ဟိုတယ်တွင် အလုပ် လုပ်သည့် အမျိုးသမီးတွင် Covid-19 တွေ့ရှိရာမှ နိုဝင်ဘာလ(၂၉)ရက်နေ့အထိ (၂၀)ဦးအထိ တိုးလာခြင်း ဖြစ်ပြီး နိုဝင်ဘာလ (၂၉)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မှ လာသည့် ယာဉ်မောင်းထံက ထပ်မံတွေ့ရှိရ၍ တာချီလိတ်တွင် အတည်ပြုလူနာ (၂၁)ဦးအထိ တွေ့ရှိနေရခြင်း ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~