မြန်မာနိုင်ငံအတွင်း တစ်ခါတည်း အတည်ပြုလူနာ (၇၀)ဦး ထပ်တိုး

မြန်မာနိုင်ငံအတွင်း တစ်ခါတည်း အတည်ပြုလူနာ (၇၀)ဦး ထပ်တိုး
သြဂုတ် 26, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း တစ်ခါတည်း အတည်ပြုလူနာ (၇၀)ဦး ထပ်တိုး
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်း၌ COVID 19 အတည်ပြုလူနာ (၇၀) ဦးတွေ့ရှိရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၅၇၄)ဦး ရှိပြီဖြစ်သည်။
ဓာတ်ခွဲနမူနာ (၈၂၅)ခုအား စစ်ဆေးရာ COVID 19 ပိုးတွေ့ရသူ (၇၀)ဦးတွေ့ရခြင်းဖြစ်ပြီး သြဂုတ်လ (၂၅)ရက်နေ့ ညပိုင်းက ဓာတ်ခွဲနမူနာ (၁,၄၇၅)ခုကို စစ်ဆေးခဲ့ရာတွင် ပိုးတွေ့သူ (၃၀)ဦးရှိခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ (၁၆)ရက်နေ့မှစ၍ ပြည်တွင်းကူးစက်မှုအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူနာတစ်ဦးကို စတင်တွေ့ရပြီးနောက်ပိုင်း စစ်တွေမြို့တွင် ပြည်တွင်း ကူးစက်လူနာ အများအပြားတွေ့လာရကာ စစ်တွေမြို့မှ သွားလာခဲ့သူများကို စစ်ဆေးရာမှတစ်ဆင့် ပြည်တွင်းကူးစက်မှုအဖြစ် လူနာအများအပြားတိုးလာသည်ကို တွေ့ရခြင်းဖြစ်သည်။
သြဂုတ်လ (၁၆)ရက်နေ့မှစ၍ အတည်ပြုလူနာ အများအပြားတွေ့လာရသည့် စစ်တွေမြို့မှ ကျန်းမာရေးဝန်ထမ်းအချို့လည်း COVID 19 ပိုးတွေ့ထားရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~