တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၁၀)ဦး ဆေးရုံဆင်း၍ လက်ရှိတွင် (၂၇)ဦးသာကျန်

တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၁၀)ဦး ဆေးရုံဆင်း၍ လက်ရှိတွင် (၂၇)ဦးသာကျန်
ဒီဇင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၁၀)ဦး    ဆေးရုံဆင်း၍ လက်ရှိတွင် (၂၇)ဦးသာကျန်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသဆောင်များ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁၀)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်များ၌ အတည်ပြုလူနာ ( ၂၇ )သာ ကျန်ရှိသည်။
အတည်ပြုလူနာ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၄)ဦး၊ ကလေး (၁)ဦး စုစုပေါင်း (၁၀) ဦးကို ကုသမှုခံယူနေသည့် မိုးကုတ်ဝိပဿနာ တရားရိပ်သာရှိ ကုသဆောင်နှင့် ဆေးရုံဟောင်းရှိ ကုသဆောင်တို့မှ အသီးသီး ဆေးရုံဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယနေ့ ဆေးရုံဆင်းခွင့်ရကြသွားသူများမှာ ဆန်ဆိုင်း(ခ)၊ ဝိန်းကျောက်(တော်ကော့တွင်း)၊ ဝမ်ကောင်း၊ ဆေခမ်း စသည့် ရပ်ကွက်များအပြင် အခြားဒေသမှ လာရောက်သည့် လမ်းလုပ်သားများလည်း ပါဝင်သည်။
ဒေသတွင်း COVID 19 ကူးစက်မှုဖြစ်ပွားနေသည့် တာချီလိတ်မြို့နယ်တွင် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ အတည်ပြုလူနာ (၉၇)ဦးတွေ့ထားပြီး ဆေးရုံဆင်းခွင့်ရသူ (၇၀)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက် 
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~