အထူးဒေသ(၄) နမ့်ပန်းတွင် Quarantine ပြီး၍ နေရပ်ပြန်မည် မြန်မာနိုင်ငံသား (၅၀၀)ကျော် ဒေသအသီးသီးသို့ ပြန်ရန်အတွက် မိုင်းယုမြို့မှ တဆင့် ဝင်ရောက်လာ

အထူးဒေသ(၄) နမ့်ပန်းတွင် Quarantine ပြီး၍ နေရပ်ပြန်မည် မြန်မာနိုင်ငံသား (၅၀၀)ကျော် ဒေသအသီးသီးသို့ ပြန်ရန်အတွက် မိုင်းယုမြို့မှ တဆင့် ဝင်ရောက်လာ
မေ 4, 2020
By Tachileik News Agency
အထူးဒေသ(၄) နမ့်ပန်းတွင် Quarantine ပြီး၍  နေရပ်ပြန်မည် မြန်မာနိုင်ငံသား (၅၀၀)ကျော်  ဒေသအသီးသီးသို့ ပြန်ရန်အတွက် မိုင်းယုမြို့မှ တဆင့် ဝင်ရောက်လာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌  Quarantine (၂၁) နေထိုင်ပြီးသော တရုတ်နိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၅၅၃) ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၄) ရက်နေ့က လွှဲပြောင်းပေးရာ မိုင်းယောင်း - ကျိုင်းတုံ - တောင်ကြီးလမ်းကြောင်းမှတဆင့် နေရပ်ဒေသအသီးသီး ပြန်ကြမည်ဖြစ်သည်။

နေရပ်ပြန်မြန်မာလုပ်သားများကို  မိုင်းလားမြို့ အထူးဒေသ(၄)၊ ဆက်ဆံရေးဌာနမှ ဒု-ဆက်ဆံရေးဌာနမှူး ခင်အောင် ဦးဆောင်သော  အထူး (၄)၊ နမ့်ပန်းဒေသဆက်ဆံရေးတာဝန်ခံအဖွဲ့နှင့် နမ့်ပန်းဒေသ ရဲတပ်ဖွဲ့တို့က မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့်  မိုင်းယုဖက်သို့ နံနက် (၉) နာရီဝန်းကျင်တွင်  လာရောက်လွှဲပြောင်းပေးခြင်းဖြစ်သည်။

လွှဲပြောင်းပေးလာသည့် နေရပ်ပြန်လုပ်သားများကို မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊  ပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊ မိုင်းယောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက  လက်ခံကြိုဆိုခဲ့ကြသည်။

အထူးဒေသ (၄)မှ လွှဲပြောင်းလာသူများတွင် နေပြည်တော်ကောင်စီနယ်မြေမှ အမျိုးသား (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး (၁)ဦးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အမျိုးသား(၃၄၈)ဦးနှင့် အမျိုးသမီး (၂၀၂)ဦး ပါဝင်ကြောင်း သိရသည်။

နေရပ်ပြန်လာသူများကို မြို့မရပ်ကွက် အားကစားကွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တာချီလိတ်ခရိုင်အဆင့် စီမံခန်ခွဲမှုကော်မတီ နှင့် မိုင်းယောင်းမြိုနယ်စီမံခန့်ခွဲမှုကော်မတီဝင်များ အပါအဝင် တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မျိုးဆက်သစ်ရောင်နီပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များပါဝင်သည့်အဖွဲ့က လူဦးရေစာရင်း ကောက်ယူခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်းနိုင်ရန်စီစဉ်ပေးခြင်းများပြုလုပ်ပေးခဲ့သည်။

နေရပ်ဒေသအသီးသီးပြန်မည့်သူများကို  ခရီးသည်တင်  မေ်ာတော်ယာဉ်(၂၃)စီးဖြင့် လိုက်လံပို့ဆောင်ပေးနေခြင်းဖြစ်သည်။

အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများသည် တရုတ်နိုင်ငံတွင် ကျပန်းအလုပ် လုပ်ကိုင်နေရင်းမှ Covid-19 ရောဂါ အခြေအနေများကြောင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာကြ၍ အထူးဒေသ (၄) ဘက်တွင် Quarantine ထားရှိကာ ပြန်လွှဲပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုကိုနိုင်(မိုင်းယု)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~