Covd-19 အစည်းအဝေးတွင် Mask မတပ်သည့် ထိုင်းဝန်ကြီးချုပ်ကို ဘတ်(၆၀၀၀) ဒဏ်ရိုက်

၂၀၂၁ခုနှစ် ဧပြီလ(၂၆)ရက်နေ့ အစည်းအဝေးတွင် mask မတပ်ထားသည့် ထိုင်းဝန်ကြီးချုပ်အား တွေ့ရစဉ်
၂၀၂၁ခုနှစ် ဧပြီလ(၂၆)ရက်နေ့ အစည်းအဝေးတွင် mask မတပ်ထားသည့် ထိုင်းဝန်ကြီးချုပ်အား တွေ့ရစဉ်
Covd-19 အစည်းအဝေးတွင် Mask မတပ်သည့် ထိုင်းဝန်ကြီးချုပ်ကို ဘတ်(၆၀၀၀) ဒဏ်ရိုက်

COVID 19 တတိယလှိုင်းဖြစ်နေ၍ ကာကွယ်ရေးလမ်းညွှန်ချက်များလိုက်နာရေး တင်းကြပ်စွာဆောင်ရွက်နေသည့် ထိုင်းနိုင်ငံတွင် Mask မတပ်ဘဲ အစည်းအဝေးလာတက်သည့် ဝန်ကြီးချုပ်အား ဘတ် (၆၀၀၀) ဒဏ်ရိုက်ထားကြောင်း သိရသည်။



အစိုးရရုံးတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၆) ရက်နေ့က ကျင်းပသည့် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ အစည်းအဝေးသို့ Mask မတပ်ဘဲ လာတက်သည့် ဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာအား ရောဂါကာကွယ်ရေးစည်းကမ်းသတ်မှတ်ချက် ချိုးဖေါက်မှုဖြင့် ဒဏ်ရိုက်ခြင်းဖြစ်သည်ဟု ဘန်ကောက်အုပ်ချုပ်ရေးမှုူးက ဆိုသည်။



ကူးစက်မှုအမြင့်ဆုံးဖြစ်နေသည့် ဘန်ကောက်တွင် အပြင်ထွက်သူတိုင်း Mask တပ်ဆင်ရန် ပျက်ကွက်ပါက အမြင့်ဆုံးဒဏ်ငွေ ဘတ် (၂) သောင်းအထိ ဒဏ်ရိုက်အရေးယူမည်ဟု ဘန်ကောက်အုပ်ချုပ်ရေးမှူးက ကြေညာထားခြင်းဖြစ်သည်။

Ref; khaosodenglish