ကယားပြည်နယ်မှ COVID 19 အတည်ပြုလူနာတစ်ဦးကို လွိုင်ကော်ဆေးရုံမှတဆင့် အောင်ပန်းစစ်ဆေးရုံသို့ ပြောင်းရွှေ့ထား

ကယားပြည်နယ်မှ COVID 19 အတည်ပြုလူနာတစ်ဦးကို လွိုင်ကော်ဆေးရုံမှတဆင့် အောင်ပန်းစစ်ဆေးရုံသို့ ပြောင်းရွှေ့ထား
အောက်တိုဘာ 25, 2020
By Tachileik News Agency

 

ကယားပြည်နယ်မှ COVID 19 အတည်ပြုလူနာတစ်ဦးကို လွိုင်ကော်ဆေးရုံမှတဆင့် အောင်ပန်းစစ်ဆေးရုံသို့ ပြောင်းရွှေ့ထား
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Quarantine Center မှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၌ ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၃)ဦးအနက် အသက် (၅၀)အရွယ် ပိုးတွေ့လူနာအား လွိုင်ကော်ပြည်သူ့ဆေးရုံမှတဆင့် အောင်ပန်းကုတင် (၇၀၀) စစ်ဆေးရုံသို့ အောက်တိုဘာလ (၂၅)ရက်နေ့၌ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
“ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ သူ့အလုပ်က တပ်နဲ့ပတ်သက်တဲ့ အလုပ်ဖြစ်နေလို့ပါ။ နယ်လှည့်စာရင်းစစ်ဖြစ်တဲ့အတွက် သူတို့တာဝန်ရှိတယ်ဆိုပြီး ခေါ်သွားတာပါ။"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်မြို့တွင် အောက်တိုဘာလ (၂၄)ရက်နေ့အထိ ပိုးတွေ့လူနာ (၅) ဦးရှိသည့်အနက် အောင်ပန်း ကုတင် (၇၀၀) စစ်ဆေးရုံသို့ (၁)ဦးလွှဲပြောင်းပေးလိုက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ (၄)ဦး ကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း သိရသည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာကို အောက်တိုဘာလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယမြောက် အတည်ပြုလူနာကို အောက်တိုဘာလ (၂၃) ရက်နေ့တွင် လည်းကောင်းတွေ့ခဲ့ရပြီးနောက် အောက်တိုဘာလ (၂၄) ရက်နေ့၌ အတည်ပြုလူနာ (၃) ဦး ထပ်တိုးလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ (၅)ဦးလုံးမှာ ရန်ကုန်မှ  ပြန်လာသူများဖြစ်ကြ၍ လွိုင်ကော်ပညာရေးကောလိပ် quarantine center ၌ အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~