ငါတို့အတွက် ငါတို့ကာကွယ်  Covid-19 အန္တရာယ်

ငါတို့အတွက် ငါတို့ကာကွယ်  Covid-19 အန္တရာယ်
မေ 31, 2021 | Covid-19

 

❖ လေဝင် လေထွက်ကောင်းခြင်းက Covid-19 ကာကွယ်ရေးမှာလည်း အထောက်ကူဖြစ်စေပါတယ် ❖ 

❖ COVID 19 ဟာ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရမယ့်နည်းလမ်းတွေကို အမြဲသတိထား လုပ်ဆောင်ဖို့ လိုပါတယ်။ ❖ 

❖ COVID 19 ဗိုင်းရပ်စ်ကူးစက်ခံရခြင်းက ကာကွယ်နိုင်မယ့် အလွယ်တကူလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေထိုင်ခြင်းဖြစ်ပါတယ်။ 

❖ ကိုယ်နေထိုင်ရာ နေအိမ်၊ အခန်းတွေမှာ လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။

❖ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်အခန်း၊ အဲယားကွန်းအခန်းတွေကို ရှောင်ပါ။ 

❖ မလွှဲမရှောင်သာလို့ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်အခန်း၊ အဲယားကွန်းအခန်းတွေမှာ တခြားသူတွေနဲ့ ရှိနေမယ်ဆိုရင် Mask ကို မချွတ်ဘဲ ဝတ်ဆင်ထားပါ။

❖ ကားထဲမှာ တခြားသူတွေနဲ့အတူစီးနင်းရတာဖြစ်ရင် လေဝင်လေထွက်ကောင်းအောင် မှန်ဖွင့်ထားပါ။

ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျန်းမာနေမှဖြစ်မှာပါ ❖ 

Link: https://t.me/TachileikNewsAgency/6674