မြန်မာဘက် ပြန်ရောက်ပြီးမှ Covid 19 ပိုးတွေ့သည့် Case -311 နှင့် ပတ်သက်၍ လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်း ရခိုင်ရွာ(မြန်မာရွာ)၌ ထိတွေ့သူများကို ရှာဖွေပြီး ဓါတ်ခွဲနမူနာရယူ

မြန်မာဘက် ပြန်ရောက်ပြီးမှ Covid 19 ပိုးတွေ့သည့် Case -311 နှင့် ပတ်သက်၍ လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်း ရခိုင်ရွာ(မြန်မာရွာ)၌ ထိတွေ့သူများကို ရှာဖွေပြီး ဓါတ်ခွဲနမူနာရယူ
ဇူလိုင် 5, 2020
By Tachileik News Agency

မြန်မာဘက် ပြန်ရောက်ပြီးမှ Covid 19 ပိုးတွေ့သည့် Case -311 နှင့် ပတ်သက်၍
လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်း ရခိုင်ရွာ(မြန်မာရွာ)၌ ထိတွေ့သူများကို ရှာဖွေပြီး  ဓါတ်ခွဲနမူနာရယူ 

မြန်မာနိုင်ငံသို့  လာအိုနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးတွင်  (၁၀)ရက်ကျော် အကြာ၌ Covid-19 ပိုးစစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည့်အတွက်  မြန်မာနိုင်ငံသား (၁၀၀၀၀)ဝန်းကျင် နေထိုင်သည့် လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ် ရွေတြိဂံဒေသထဲက ရခိုင်ရွာ(မြန်မာရွာ)တွင် လာအိုနိုင်ငံ ကျန်းမာရေးအဖွဲ့က လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ပြီး အတည်ပြုလူနာ Case - 311 နှင့် ထိတွေ့သူ (၄)ဦးကို ဓါတ်ခွဲနမူနာ ရယူစစ်ဆေးထားကြောင်း သိရသည်။

Covid ရှိတယ်လို့ သိရှိတဲ့အချိန် မနက်ခင်းပိုင်းက စပြီး ရန်ကုန်မှာ  Quarantine ဝင်ထားတဲ့ လူနာ နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့  လေ့လာပြီးတော့မှ သူ့နားမှာနေခဲ့တဲ့ သူနဲ့ထိတွေ့ခဲ့တဲ့ လောလောဆယ် (၄)ယောက်ကို ကျွန်တော်တို့ စစ်ဆေးချက်(ဓါတ်ခွဲနမူနာ)တွေ ယူပြီး သူတို့ကို သီးခြားခွဲထားပြီးတော့  စောင့်ကြည့်နေတာပေါ့နော်။ ဓါတ်ခွဲခန်းဖြေထွက်လာရင် သူတို့မှာ ရောဂါမရှိရင် သူတို့နေရာမှာပဲ ပြန်လည်ပေးနေမှာပါ

ဟု  လာအိုနိုင်ငံအတွင်း မြန်မာလုပ်သား အများစုနေထိုင်သည့် ရခိုင်ရွာ(မြန်မာရွာ)အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၅)ရက်နေ့တွင် ပြောသည်။

လာအိုနိုင်ငံ ခရိုင်အဆင့် Covid-19 ကာကွယ် ထိန်းချုပ်ရေး အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် တုန်ဖိန်းမြို့နယ်အတွင်း ရွှေတြိဂံဒေသ ရခိုင်ရွာ(မြန်မာရွာ)သို့ ရောက်ရှိကာ စစ်ဆေးပြီး ဓါတ်ခွဲနမူနာများကို ရယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့က မြန်မာနိုင်ငံသား (၁၈၆)ဦးသည် နေရပ် ပြန်ရန်အတွက် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းသို့ ရောက်ရှိလာပြီး တာချီလိတ်ဒေသခံများမှ လွှဲ၍ (၁၇၁)ဦးကို နေရာဒေသအသီးသီးကို  မော်တော်ယာဉ်များဖြင့် တခါတည်း ပို့ဆောင်လိုက်ပြီးနောက် နေရပ်ဒေသအသီးသီးကို ရောက်သည့် အခါအခါမှာ Quarantine ဝင်ရင်း  covid-19 စစ်ဆေးသည့်အခါ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဇာတိဖြစ်သူ အသက်(၄၀)ကျော် အမျိုးသားတစ်ဦးတွင် ဇူလိုင်လ(၄)ရက်နေ့တွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~