တာချီလိတ်မြို့ လွယ်စီတုံ အောက်ရွာတွင် အမျိုးသား(၃)ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ လွယ်စီတုံ အောက်ရွာတွင် အမျိုးသား(၃)ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
ဇူလိုင် 26, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်စီတုံ အောက်ရွာတွင် အမျိုးသား(၃)ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုအတွင်း၌ အမျိုးသား(၃)ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု၊  လွယ်စီတုံ(အောက်)ကျေးရွာရှိ ပေတလူး၏ နေအိမ်အား ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက် စစ်ဆေးရှာဖွေရာ အမျိုးသား(၃)ဦး နှင့် မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ ပေတလူး ဆိုသူ နှင့် ဇေယျာဝင်း နှင့် ပါစကွားလယ် တို့ (၃)ဦးအား တွေ့ရပြီး ဆက်လက်၍ ရှာဖွေရာက နေအိမ် ဧည့်ခန်းရှိ လွယ်အိတ်အတွင်းထဲက စိတ်ကြွဆေးပြား(၈၃၀)ပြား နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများအပြင် ထိုင်းဘတ်ငွေ (၂၀၀၀)ဘတ်တို့ကို တွေ့ရှိ သိမ်းဆည်းရမိ၍ ၎င်းတို့ (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~