တောင်ယာစိုက်ပျိုးရန်အတွက် သစ်ပင်ခုတ်လှဲမှုများသည့် မိုင်းဆတ်ခရိုင်တွင် ယခုနှစ်မိုးရာသီအတွင်း အပင်ရှစ်သောင်း ပြန်စိုက်မည်တောင်ယာစိုက်ပျိုးရန်အတွက် သစ်ပင်ခုတ်လှဲမှုများသည့် မိုင်းဆတ်ခရိုင်တွင် ယခုနှစ်မိုးရာသီအတွင်း အပင်ရှစ်သောင်း ပြန်စိုက်မည်

တောင်ယာစိုက်ပျိုးရန်အတွက် သစ်ပင်ခုတ်လှဲမှုများသည့် မိုင်းဆတ်ခရိုင်တွင် ယခုနှစ်မိုးရာသီအတွင်း အပင်ရှစ်သောင်း ပြန်စိုက်မည်တောင်ယာစိုက်ပျိုးရန်အတွက် သစ်ပင်ခုတ်လှဲမှုများသည့် မိုင်းဆတ်ခရိုင်တွင် ယခုနှစ်မိုးရာသီအတွင်း အပင်ရှစ်သောင်း ပြန်စိုက်မည်
မေ 15, 2019
By Tachileik News Agency



ရှမ်းပြည်နယ်အတွင်း နှစ်စဉ်သစ်ပင်ခုတ်သည့်နှုန်းမှာ တစ်မြို့နယ်တည်းမှာပင် တစ်နှစ်အတွင်း တောင်ယာခုတ်သည့်ဧက(၃)သောင်းကျော်ရှိသော်လည်း ပြန်လည်စိုက်ပျိုးမှုအားနည်းသဖြင့် လူထုလှုပ်ရှားမှုအနေဖြင့် သစ်ပင်စိုက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


လူထုထံဖြန့်ဝေပေးသည့်အပင်များတွင် စီးပွားရေးအရ အကျိုးရှိသောအပင်များပါဝင်ပါက ဒေသခံများအနေဖြင့် ကိုယ်ပိုင်မြေများတွင် စိုက်ပျိုးနိုင်ကြောင်းလည်း သိရသည်။

ယခုနှစ် မိုးရာသီ၌ သစ်တောဦးစီးဌာနမှ လူထုဖြန့်ဝေရန် မိုင်းဆတ်မြို့နယ်တွင် ပျိုးပင်(၃)သောင်း၊ မိုင်းတုံ မြို့နယ်တွင် ပျိုးပင်(၅)သောင်း ပျိုးထောင်ထားရှိပြီး ဒေသခံများသည် မိမိတို့စိုက်ပျိုးလိုသော နှစ်ရှည်ပင်များကိုလည်း သစ်တောဦးစီးဌာနထံမှ အခမဲ့ ရယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း တောင်ယာစိုက်ပျိုးမှုကြောင့် သစ်ပင်ခုတ်လှဲမှုများသဖြင့် ၂၀၁၉ ခုနှစ် မိုးရာသီ၌ ကျေးရွာလူထုလှုပ်ရှားမှုအဖြစ် အပင်ပေါင်း (၈၀,ဝဝဝ) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၄) ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း နှစ်စဉ်သစ်ပင်ခုတ်သည့်နှုန်းမှာ တစ်မြို့နယ်တည်းမှာပင် တစ်နှစ်အတွင်း တောင်ယာခုတ်သည့်ဧက(၃)သောင်းကျော်ရှိသော်လည်း ပြန်လည်စိုက်ပျိုးမှုအားနည်းသဖြင့် လူထုလှုပ်ရှားမှုအနဖြေင့် သစ်ပင်စိုက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူထုပူးပေါင်းသစ်ပင်စိုက်ပွဲများအတွက် ဌာနတစ်ခုလျှင် ကျေးရွာ(၁)ရွာနှုန်း တာဝန်ယူပြီး ကျေးရွာလူထုနှင့် ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်သည့်နည်းဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပျိုးပင်များကို သစ်တောဦးစီးဌာနက ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

လူထုထံဖြန့်ဝေပေးသည့်အပင်များတွင် စီးပွားရေးအရ အကျိုးရှိသောအပင်များပါဝင်ပါက ဒေသခံများအနဖြေင့် ကိုယ်ပိုင်မြေများတွင် စိုက်ပျိုးနိုင်ကြောင်းလည်း သိရသည်။

ယခုနှစ် မိုးရာသီ၌ သစ်တောဦးစီးဌာနမှ လူထုဖြနေ့်ဝရန် မိုင်းဆတ်မြို့နယ်တွင် ပျိုးပင်(၃)သောင်း၊ မိုင်းတုံ မြို့နယ်တွင် ပျိုးပင်(၅)သောင်း ပျိုးထောင်ထားရှိပြီး ဒေသခံများသည် မိမိတို့စိုက်ပျိုးလိုသော နှစ်ရှည်ပင်များကိုလည်း သစ်တောဦးစီးဌာနထံမှ အခမဲ့ ရယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net