ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့မှ စောင့်ကြည့်လူနာ (၃) ဦးနှင့် ရခိုင်မှ ပြန်လာသူ (၃)ဦးတို့၏ ဓာတ်ခွဲနမူနာ ရယူ ပို့ဆောင်ထား

ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့မှ စောင့်ကြည့်လူနာ (၃) ဦးနှင့် ရခိုင်မှ ပြန်လာသူ (၃)ဦးတို့၏ ဓာတ်ခွဲနမူနာ ရယူ ပို့ဆောင်ထား
စက်တင်ဘာ 1, 2020
By Tachileik News Agency
ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့မှ စောင့်ကြည့်လူနာ (၃) ဦးနှင့် ရခိုင်မှ ပြန်လာသူ (၃)ဦးတို့၏ ဓာတ်ခွဲနမူနာ ရယူ ပို့ဆောင်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ စောင့်ကြည့်လူနာ (၃)ဦးနှင့် တာချီလိတ်မြို့မှ ရခိုင်ပြည်နယ်ကလာသူ(၃)ဦးတို့၏ ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၌ ရန်ကုန်ဓာတ်ခွဲဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“မနေ့က ဆေးရုံမှာ စောင့်ကြည့်လူနာ သတ်မှတ်လိုက်တဲ့ (၂)ယောက်ရယ်၊ သူတို့ကို ကားမောင်းပို့ပေးတဲ့ (၁)ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို ဒီနေ့လေယာဉ်နဲ့ ပို့လိုက်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။
ကျိုင်းတုံပြည်သူ့ဆေးရုံတွင် သြဂုတ်လ (၃၁)ရက်နေ့က ရောက်လာသည့် လူနာနှစ်ဦးကို COVID 19 သံသယလူနာအဖြစ် သတ်မှတ်ထားကာ ၎င်းတို့အား ကားမောင်းပို့သူကိုပါ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။
“တာချီလိတ်ကတော့ မနေ့က ဆက်သွယ်လာတဲ့ ရခိုင်က ပြန်လာသူ (၃)ဦးရဲ့ ဓာတ်ခွဲနမူနာ ယူပြီး ပို့ထားတယ်။ သူတို့ (၃)ယောက်ကိုတော့ Facility Quarantine ထား ထားတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
အဆိုပါ (၃)ဦးမှာ တာချီလိတ်တွင် ရခိုင်ပြည်နယ်မှ ပြန်လာ၍ ဓာတ်ခွဲနမူနာရယူသည့် ဒုတိယအသုတ်ဖြစ်သည်။
ရခိုင်မှပြန်လာ၍ ဓာတ်ခွဲစစ်ဆေးမှု ပထမအကြိမ်အဖြစ် ရခိုင် - ရန်ကုန်လေကြောင်းဖြင့် သြဂုတ်လ (၁၁)ရက်နေ့က စီးနင်းလာပြီးနောက် တာချီလိတ်ရောက်လာသူ (၁)ဦးနှင့် အတူနေထိုင်သူ (၄)ဦးစုစုပေါင်း (၅)ဦးကိုလည်း သြဂုတ်လ (၂၆)ရက်နေ့က ဓာတ်ခွဲရယူစစ်ဆေးရာ ပိုးမတွေ့ရကြောင်း သြဂုတ်လ (၂၈)ရက်နေ့တွင် အဖြေရထားသော်လည်း quarantine (၂၁)ရက်ပြည့်သည်အထိ ဆက်လက်နေထိုင်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~