မိုင်းယောင်းမြို့တွင် COVID-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း မတပ်သူများကို ဒဏ်ရိုက်အရေးယူ

မိုင်းယောင်းမြို့တွင် COVID-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း မတပ်သူများကို ဒဏ်ရိုက်အရေးယူ
စက်တင်ဘာ 21, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် COVID-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း မတပ်သူများကို ဒဏ်ရိုက်အရေးယူ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID 19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) ဝတ်ဆင်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ဆောင်နေသည့်အပြင် နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သွားလာနေသူများကို ဒဏ်ရိုက်အရေးယူနေပြီဖြစ်ကြောင်း သိရသည်။
 “ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ခဲ့တယ်။ အခုအချိန်မှာတော့ နှာခေါင်းစည်း ဝတ်ဆင်မှုမရှိဘဲ သွားလာတဲ့သူတွေကို ဒဏ်ရိုက်မှုတွေ လုပ်ဆောင်နေတာပါ။ ပြည်သူတွေကို ထိခိုက်နစ်နာစေချင်လို့ အခုလိုလုပ်တာ မဟုတ်ပါဘူး။ Covid-19 ကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်းလိုက်နာမှု ရှိလာအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်”ဟု  ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၌ ပြောသည်။
အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်အပါအဝင် COVID 19 ကာကွယ်ရေး အသိပညာပေးခြင်းကို လူစည်ကားရာနေရာများ၊ လမ်းမများတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ လုပ်ဆောင်ခဲ့ကြသော်လည်း မလိုက်နာသူများရှိနေဆဲဖြစ်၍ ဒဏ်ရိုက်အရေးယူမှုကို စတင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။
အဆိုပါအဖွဲ့က မိုင်းယောင်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းများဝတ်ဆင်ပြီး သွားလာကြရန်၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပြည်သူများသို့ အသိပေးကြေညာချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက်များ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာက နေ့စဉ်လိုက်လံအသိပေး ကြေညာမှုများ ပြုလုပ်လျက်ရှိသည်။
Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~