မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အပါအဝင် ဆက်စပ်သူများအားလုံးကို COVID 19 စစ်ဆေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အပါအဝင် ဆက်စပ်သူများအားလုံးကို COVID 19 စစ်ဆေး
နိုဝင်ဘာ 23, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အပါအဝင်  ဆက်စပ်သူများအားလုံးကို COVID 19 စစ်ဆေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၌ COVID-19 စစ်ဆေးရာ ပိုးမတွေ့ကြောင်း အဖြေရရှိထားသည်။
“ကိုဗစ် ကာကွယ်ရေးအတွက်ပါပဲ။ ကျွန်တော်တို့မှာ အနည်းဆုံး တစ်ပတ်တစ်ခါလောက် ထိတွေ့နေကြရတော့ တစ်ယောက်မှာ ရှိနေတယ်ဆိုရင် စောစောစီးစီးကြိုတင်ပြီး သိရအောင်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အစည်းအဝေးလုပ်တဲ့ ပုဂ္ဂိုလ်တွေ ကက်ဘိနက်ပေါ့နော။ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ နီးစပ်မှုရှိတဲ့ ဒရိုင်ဘာတွေပါ စစ်တယ်”ဟု မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းကဲ့သို့ စစ်ဆေးခြင်းမှာ နိုဝင်ဘာလ(၂၂)ရက်နေ့က COVID 19 ပိုးတွေ့ကြောင်း အဖြေရသည့် မင်းဘူးမြို့မဲဆန္ဒနယ်မှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းအပါအဝင် မိသားစုဝင် (၃)ဦးတို့နှင့် ထိတွေ့၍မဟုတ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် COVID-19 ပိုးတွေ့လူနာများ ပြန့်နှံ့မှုရှိနေ၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင်များ အားလုံးကို COVID 19 စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် COVID-19 အတည်ပြုလူနာများ တွေ့ရှိထားပြီး နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေပိုင်းအထိ ပိုးတွေ့လူနာ စုစုပေါင်း(၁၁၇၁)ဦးအထိ ရှိလာပြီး ဆေးရုံတက်ဆဲလူနာ (၂၇၇)ဦး၊ ဆေးရုံဆင်းခွင့်ရလူနာ (၈၉၂)ဦး၊ သေဆုံးသူ(၃)ဦးအထိ ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-U Ko Htwe

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~