တာချီလိတ်ရှိ Quarantine Center နှင့် နေရပ်ပြန်များအတွက် သောက်ရေသန့် အလှူရှင်များ လိုအပ်နေ

တာချီလိတ်ရှိ Quarantine Center နှင့် နေရပ်ပြန်များအတွက် သောက်ရေသန့် အလှူရှင်များ လိုအပ်နေ
ဇူလိုင် 8, 2020
By Tachileik News Agency
တာချီလိတ်ရှိ  Quarantine Center နှင့် နေရပ်ပြန်များအတွက် သောက်ရေသန့် အလှူရှင်များ လိုအပ်နေ

တာချီလိတ်မြို့တွင် နေရပ်ပြန်များအား လက်ခံရာတွင် ပေးဝေရန် နှင့် မိုးကုတ်တရားရိပ်သာရှိ Quarantine Center အတွက် သောက်ရေသန့်များ လိုအပ်နေသည့်အတွက် စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရှိ Quarantine Center တွင် နေရပ်ပြန်များထဲက တာချီလိတ်ဒေသခံများကို Quarantine ထားရှိသည့်အပြင် ထိုင်းဘက်က ဖမ်းဆီးရမိပြီး ပြစ်ဒဏ်စေ့၍ ပြန်လည်လွှဲပြောင်းပေးလာသူများကိုပါ Quarantine ထားရှိသည့်အတွက် သောက်စရာ ရေသန့် အများအပြားလိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

မိုးကုတ်ရိပ်သာမှာ အရင်ရှိနေတာက (၇၀) ပေါ့။ နောက်ထပ်လည်း အမျိုးသမီးတွေက (၁၃၀၊ ၁၄၀) လောက်ထပ် ထားရမှာဆိုတော့ (၂၀၀) ကျော်လောက်ရှိပါမယ်။  အဲဒီအတွက် တာချီလိတ်ကအလှူရှင်တွေ ဝိုင်းဝန်းပြီးလှူတန်းပေးဖို့လည်း မေတ္တာရပ်ခံပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖုန်း 094 2821 9995 သို့ ဆက်သွယ်၍  ဖြစ်စေ၊ Quarantine Center ဖွင့်လှစ်ထားရှိသည့် တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်အနောက်ဘက်ရှိ မိုးကုတ်တရားရိပ်သာသို့ ဖြစ်စေ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~