နာဂအမျိုးသားပါတီက လေရှီးမြို့တွင် ရပ်/ကျေးရုံး ဖွင့်လှစ်

နာဂအမျိုးသားပါတီက လေရှီးမြို့တွင် ရပ်/ကျေးရုံး ဖွင့်လှစ်
ဇူလိုင် 14, 2020
By Tachileik News Agency

နာဂအမျိုးသားပါတီက လေရှီးမြို့တွင် ရပ်/ကျေးရုံး ဖွင့်လှစ်

၂၀၂၀ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း (၁၅)နေရာတွင် ပါဝင်ယှဉ်ပိုင်မည့်  နာဂအမျိုးသားပါတီ (Naga National Party - NNP)က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ လေရှီးမြို့တွင် ရပ်ကျေးရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနားအား ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လေရှီးမြို့၊ အမှုထမ်းရပ်ကွက်၏ ရပ်/ကျေးရုံး ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားသို့ နာဂအမျိုးသားပါတီ  ၏ ဗဟိုကော်မတီဝင်များနှင့် မြို့နယ်နာယကများ အလုပ်အမှုဆောင်များ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် နာဂအမျိုးသားပါတီက ခန္တီးမြို့နယ်၊ ဟုမ္ပလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်၊ တနိုင်းမြို့နယ်နှင့် လဟယ်မြို့နယ်တို့တွင် မဲဆန္ဒနယ် နေရာပေါင်း (၁၅)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

နာဂအမျိုးသားပါတီ၏ ရုံးချုပ်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း နှင့် ယင်းပါတီသည် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - နာဂအမျိုးသားပါတီ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~