ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရေး AA ၏ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ကျန်မြို့နယ်များတွင်လည်း ကျင်းပပေးရန် တပ်မတော် တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရေး AA ၏ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ကျန်မြို့နယ်များတွင်လည်း ကျင်းပပေးရန် တပ်မတော် တိုက်တွန်း
နိုဝင်ဘာ 12, 2020
By Tachileik News Agency
 
ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရေး AA ၏ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ကျန်မြို့နယ်များတွင်လည်း ကျင်းပပေးရန် တပ်မတော် တိုက်တွန်း
ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ရခိုင်ပြည်နယ်တွင်းမှ မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း AA ၏ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၌ သတင်းထုတ်ပြန်သည်။
တပ်မတော်က ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ (၉) ရက်နေ့၌ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်ပြီးနောက် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် AA ၏ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။
တပ်မတော်နှင့် AA တို့၏တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် နယ်မြေများတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ တစ်ဖက်သတ်အပစ်ရပ်ကြောင်းနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် အပစ်အခတ်ရပ်စဲရေးကြေညာကာ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်အသီးသီး၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းကြောင်း AA က နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးအတွက် နယ်မြေလုံခြုံရေးအခြေအနေများအား ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများထံမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သဘောထားမှတ်ချက်တောင်းခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~