မကွေးတိုင်းအတွင်း မဲဆန္ဒရှင်စာရင်းကို ဇူလိုင် (၁၈) ရက်နေ့တွင် ထုတ်ပြန်မည်

မကွေးတိုင်းအတွင်း မဲဆန္ဒရှင်စာရင်းကို ဇူလိုင် (၁၈) ရက်နေ့တွင် ထုတ်ပြန်မည်
ဇူလိုင် 11, 2020
By Tachileik News Agency

မကွေးတိုင်းအတွင်း မဲဆန္ဒရှင်စာရင်းကို ဇူလိုင် (၁၈) ရက်နေ့တွင် ထုတ်ပြန်မည်

မကွေးတိုင်းအတွင်း မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ပေးထားတော့မည်ဖြစ်ရာ မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်းကြည့်ကြရန် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားသည်။

“အဓိက ပြည်သူတွေကို အသိပေးလိုတာက မဲစာရင်းကပ်ပြီဆိုရင် လာကြည့်ကြဖို့ပြောလိုပါတယ်။  မဲစာရင်းမှာ မိမိအမည်ပါမှ မဲပေးခွင့်ရမှာ ဖြစ်ပါတယ်။ မဲစာရင်းမှာ မိမိအမည် မပါတာ။ မပါသင့်တဲ့သူတွေပါနေတာ။ စာလုံးပေါင်းသတ်ပုံမှားယွင်းတာရှိ၊ မရှိ။ ဒါတွေသိရပြီး ပြင်ဆင်ခွင့်ရမှာဖြစ်သလို မိမိအမည်မပါတာကို မဲပေး တော့မယ့်အချိန်ကျမှ သိရပြီး မဲပေးခွင့်မရတော့ဘူးဆိုရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံး မှာဖြစ်လို့ မဲစာရင်းကို မဖြစ်မနေ လာရောက်ကြည့်ရှူကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု မကွေးတိုင်းဒေသကြီး  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ဇူလိုင်လ(၁၁)ရက်နေ့တွင် ပြောသည်။

COVID 19 ကာလဖြစ်၍ မဲစာရင်းကြည့်ရှုရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပြန်မည်ဖြစ်သည့်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း မဲဆန္ဒရှင်များအနေဖြင့် Mobile မှ ကြည့်ရှုနိုင်ရန် စီစဉ်မည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့်ကတော့ ပြည်ထောင်စု ဆာဗာကနေ ကြေညာမယ်လို့ သိရတယ်။ ကျွန်တော်တို့ တိုင်းအဆင့်ကတော့ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကပ်ပေးတဲ့စနစ်နဲ့ ကြေညာမှာပါ

ဟု မကွေးတိုင်းဒေသကြီး  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ပြောသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ(၃၁)ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းပြုစုချက်အရ မကွေးတိုင်းတွင် မဲပေးပိုင်ခွင့်ရှိသူ (၃၂) သိန်းကျော်ရှိသဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲရုံအရေအတွက် (၄,၅၂၇)ရုံ ရှိလာဖွယ်ရှိသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်က မဲရုံအရေအတွက် (၄,၄၇၇) ရုံ၊ မဲရုံဝန် ထမ်းအရေအတွက် (၇၀,၀၀၀) ကျော် ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~