မကွေးမြို့ ဧရာဝတီမြစ်ကမ်းသောင်ပြင်တွင် ဆောင်းခိုလာသည့် ရွှေဟင်္သာငှက်ကောင်ရေ ယခင်နှစ်ထက် ထက်ဝက်ခန့်လျော့လာ

ဧရာဝတီမြစ်ကမ်းသောင်ပြင်တွင် ဆောင်းခိုလာသည့် ရွှေဟင်္သာငှက်များ
ဧရာဝတီမြစ်ကမ်းသောင်ပြင်တွင် ဆောင်းခိုလာသည့် ရွှေဟင်္သာငှက်များ
မကွေးမြို့ ဧရာဝတီမြစ်ကမ်းသောင်ပြင်တွင် ဆောင်းခိုလာသည့် ရွှေဟင်္သာငှက်ကောင်ရေ ယခင်နှစ်ထက် ထက်ဝက်ခန့်လျော့လာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဧရာဝတီမြစ်ကမ်းသောင်ပြင်တွင် ယခုနှစ်အတွင်း ဆောင်းခိုသည့် ရွှေဟင်္သာငှက် အကောင်ရေ (၃၀၀) ကျော်ရောက်နေပြီး ယခင်နှစ်ကထက် ထက်ဝက်နီးပါး လျော့နည်းသွားကြောင်း သိရသည်။

 ဒီဇင်ဘာ နောက်ဆုံးပတ်ကတည်းက ရောက်လာကြတာ။ ကျွန်တော်တို့ဌာနက တောအုပ်ကြီး (၁) ဦး၊ တော အုပ် (၁) ဦး၊ တောခေါင်း (၁) ဦးတို့နဲ့ လှည်းကင်းတာဝန်ချ စောင့်ကြည့်ထိန်းသိမ်းပေးနေပါတယ်။ ကောင် ရေက (၃၀၀) ကျော်လောက် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အကောင်ရေ (၅၀၀) ကျော် ရောက်တယ်။ တောက်လျှောက် ပညာပေးဟောပြောမှုတွေ လုပ်နေတော့ အခုချိန်ထိ ဖမ်းဆီးသတ်ဖြတ်တာ မတွေ့ သေးပါဘူး 

ဟု မကွေးမြို့နယ် သစ်တောဦးစီးဌာန ၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်းက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဟင်္သာငှက်များသည် စီးနေသည့် မြစ်ရေပြင်၏ မြစ်ကျိုးကဲ့သို့ ကွေ့ နေရာမျိုးရှိ ရေကြည်သောနေရာများ၌ ကျက်စားနေထိုင်လေ့ရှိကြခြင်းဖြစ်သည်။

သူတို့က ဒီဇင်ဘာနောက်ဆုံးပတ်မှာ ရောက်လေ့ရှိပြီး ဧပြီလမှာ ပြန်သွားကြတယ်။ ဟင်္သာတွေက ရေညှိ ပဲစားတာ။ ကျွန်မတို့ ဒေသခံတွေကိုယ်တိုင်ကလည်း ရွှေဟင်္သာလေးတွေကိုချစ်လို့ ဖမ်းဆီး သတ်ဖြတ်စား သောက်တာမျိုး မလုပ်ကြပါဘူး။ ဓာတ်ပုံဆရာတွေလည်း ငှက်လေးတွေကို လာလာရိုက်ကြတယ်

ဟု ဒေသခံ တံငါအမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေဟင်္သာငှက်များမှာ ထာဝစဉ်ကာကွယ်ထားသည့် တိရိစ္ဆာန်စာရင်းထဲတွင် ပါဝင်ပြီး သတ်ဖြတ်စားသောက်သည်ကို တွေ့ရှိပါက ထောင်ဒဏ် (၇)နှစ်မှ (၁၀)နှစ်အထိ လည်းကောင်း ၊ ငွေဒဏ် ကျပ် (၁၀) သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။

Tachileik News Agency



 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...