တောင်တွင်းကြီးမြို့တွင် စတိုးဆိုင်မှ ပစ္စည်းပို့သူတွင် COVID 19 တွေ့ရသဖြင့် ဆက်စပ်နေသည့် ဈေးဆိုင် (၆၂)ဆိုင်ကို နိုဝင်ဘာလ(၂၃)ရက်နေ့အထိ ယာယီပိတ်

တောင်တွင်းကြီးမြို့တွင် စတိုးဆိုင်မှ ပစ္စည်းပို့သူတွင် COVID 19 တွေ့ရသဖြင့် ဆက်စပ်နေသည့် ဈေးဆိုင် (၆၂)ဆိုင်ကို နိုဝင်ဘာလ(၂၃)ရက်နေ့အထိ ယာယီပိတ်
နိုဝင်ဘာ 16, 2020
By Tachileik News Agency
တောင်တွင်းကြီးမြို့တွင် စတိုးဆိုင်မှ ပစ္စည်းပို့သူတွင် COVID 19 တွေ့ရသဖြင့် ဆက်စပ်နေသည့် ဈေးဆိုင် (၆၂)ဆိုင်ကို နိုဝင်ဘာလ(၂၃)ရက်နေ့အထိ ယာယီပိတ်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ စတိုးဆိုင်တစ်ခုမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ဝန်ထမ်းတစ်ဦးတွင်  COVID-19 ပိုးတွေ့ကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့က ဓာတ်ခွဲအဖြေရသဖြင့် ၎င်းမှ ကုန်ပစ္စည်းပို့နေရသည့်  ဈေးဆိုင် (၆၂) ဆိုင်ကို နိုဝင်ဘာလ (၂၃)ရက်နေ့အထိ ယာယီ ပိတ်သိမ်းထားမည်ဖြစ်သည်။
“သူက တောင်တွင်းမြို့ပေါ်ရော မြို့နယ်ထဲက ရွာတွေပါ သွားခဲ့တာဆိုတော့ Contact တွေကို ထိန်းနိုင်အောင်လို့ ယာယီပိတ်လိုက်ရတာပါ။ ထိတွေ့မှုရှိသူတွေကိုလည်း စစ်ဆေးနေပြီလို့ သိရပါတယ်။ အဖြေတော့ မရသေးပါဘူး”ဟု တောင်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဝန်ထမ်းအမျိုးသားမှာ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် အနံ့ပျောက်သဖြင့် စစ်ဆေးမှုခံယူခဲ့ရာ နိုဝင်ဘာ (၁၅)ရက်နေ့တွင် ပိုးတွေ့အတည်ပြုလူနာဖြစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်မှုရှိသူ (၁၉)ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ (၂)ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းသည် တောင်တွင်းကြီးမြို့တွင်း စတိုးဆိုင်များနှင့် မြို့မဈေးအနီး၊ မြို့မဈေးအနှံ့ရှိ ဈေးဆိုင် (၆၂)ဆိုင်သို့ ပစ္စည်းများ သွားရောက်ပေးပို့ခဲ့၍ ထိတွေ့မှုများရှိခဲ့သဖြင့် မြို့နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ နိုဝင်ဘာ(၁၅) ရက်နေ့တွင်ပြုလုပ်သည့် အစည်း အဝေးဆုံးဖြတ်ချက်အရ  တောင်တွင်းကြီးမြို့နှင့် မြို့နယ် အတွင်းရှိ (၆၂)ဆိုင်ကို ယာယီပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် နိုဝင်ဘာ(၁၆)ရက်နေ့၊ နံနက်(၁၁)နာရီအထိ COVID-19 ပိုးတွေ့အတည်ပြု လူနာ စုစုပေါင်း (၉၄)ဦးအထိ ရှိနေပြီး မကွေးတိုင်းအတွင်း ပိုးတွေ့ရှိသည့် (၂၂)မြို့နယ်အနက် စတုတ္ထ မြောက် ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်နေသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ထက်သူရ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~