ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းမည်ဟုဆိုသည့် ဂယက်ကြောင့် လာရောက်သူ များပြား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းမည်ဟုဆိုသည့် ဂယက်ကြောင့် လာရောက်သူ များပြား
မတ် 9, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းမည်ဟုဆိုသည့် ဂယက်ကြောင့် လာရောက်သူ များပြား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိလာမည်ကို စိုးရိမ်ရသဖြင့် မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းမည်ဟု သတင်း များထွက်ပေါ်ခဲ့သော်လည်း မတ်လ(၇)ရက်နှင့်(၈)ရက်နေ့တို့တွင် တည်းခိုဆောင်များပြည့်၍ ဘုရားဖူးယာဉ်များ  ယာဉ်ကြောပိတ်ဆို့သည်အထိ အထူးစည်ကားခဲ့ကြောင်း သိရသည်။

“ဘုရားပွဲတော်ပိတ်တော့မယ်လို့ကြားရတယ်။ ဒါ့ကြောင့် စုံစမ်းကြည့်တော့ မပိတ်သေးဘူးဆိုတာသိရလို့ ပိတ်ခဲ့ရင် မသွားလိုက်ရတော့မှာစိုးတာနဲ့ မိသားစု လာခဲ့လိုက်ကြတာ။ အခုတော့ လှေတင်တံတားလောက်ကတည်းက ကား တွေကကြပ်ပိတ်နေတာနဲ့ ဘုရားပွဲတော်ကွင်းထဲတောင် ရောက်ပါတော့မလား မသိဘူး”ဟု ရန်ကုန်တိုင်း ကြည့်မြင် တိုင်မြို့နယ်မှ လာရောက်သည့် ဦးတင်မြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေစက်တော်ဘုရားပွဲတော်အား ပိတ်သိမ်းသင့်ကြောင်း ဝေဖန်မှုများရှိနေသော်လည်း မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု မရှိသေး၍ တစ်ကြောင်း ဘုရားပွဲတော်အား အမှီပြုနေရသည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုဖြစ် ပေါ်မည်စိုး၍ တစ်ကြောင်း၊ အများပြည်သူ အထိတ်တလန့် မဖြစ်စေလို၍ တစ်ကြောင်းကြောင့် ပိတ်သိမ်းမှုမပြုဘဲ မြန်မာနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ် ကူးစက်လူနာတွေ့ရှိကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာလာပါက တိုင်းအစိုးရမှ ချက်ချင်း ပိတ်သိမ်းရန် စီစဉ်ထားပြီး လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်လုပ်ဆောင်ထားကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်အား တပို့တွဲလဆန်း(၅)ရက်မှ နှစ်ဆန်း(၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ပုံမှန်အားဖြင့်လည်း အစိုးရရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များတွင် အထူးစည်ကားလေ့ရှိသည်ဆိုသော်လည်း ဘုရားပွဲ တော်ပိတ်သိမ်းတော့မည်ဟု ထွက်ပေါ်နေသည့် ဂယက်ကြောင့် မပိတ်မီ အရောက်လာကြသူများဖြင့် မတ်လ(၇) ရက်နှင့် (၈)ရက်နေ့တို့တွင် ယာဉ်ကြောများပိတ်ဆို့ခြင်း၊ တည်းခိုဆောင်များ မရရှိတော့ခြင်း ဖြစ်ရသည်အထိ ပုံမှန် အားလပ်ရက်များထက် ပိုမိုစည်ကားနေခြင်းဖြစ်သည်ဟု ရွှေစက်တော်ဈေးသည်များက မှတ်ချက်ပြုကြသည်။

 Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~