သင်သိပါသလား……. ဘာကြောင့် နှာခေါင်းစည်း (mask) တပ်ဖို့ လိုနေသေးသလဲဆိုတာ

သင်သိပါသလား……. ဘာကြောင့် နှာခေါင်းစည်း (mask) တပ်ဖို့ လိုနေသေးသလဲဆိုတာ
ဇူလိုင် 19, 2020
By Tachileik News Agency
သင်သိပါသလား……. ဘာကြောင့် နှာခေါင်းစည်း (mask) တပ်ဖို့ လိုနေသေးသလဲဆိုတာ

🔘 သင် COVID 19 ရောဂါ မဖြစ်လိုပါက အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ရမည်ဖြစ်ပါသည်။

🔘 ကမ္ဘာတစ်လွှားမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ညနေပိုင်းအထိ COVID 19 ကူးစက်ခံရသူ (၁၄,၃၁၃,၄၉၁)ဦးအနက် (၆၀၂,၇၇၆) ဦး သေဆုံးခဲ့ကာ မြန်မာနိုင်ငံတွင် ကူးစက်ခံထားရသူ (၃၃၉) ဦးအနက် (၆)ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

🔘 မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID 19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရသည့်ကာလ ကြာမြင့်လာပြီဖြစ်ရာ ရောဂါကာကွယ်ရေးအတွက် ကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးလာသော်လည်း COVID 19 ကူးစက်ပျံ့နှံ့မှု ကမ္ဘာတလွှားတွင် မြင့်တက်နေဆဲဖြစ်ပါတယ်။

🔘 COVID 19 ကူးစက်မခံရစေရန် Mask တပ်ဆင်ရာတွင်
- နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာ ဖုံးအုပ်ရမည်
- mask တပ်ထားပြီးပါက mask အပြင်ဘက်မျက်နှာတွင် COVID 19 ဗိုင်းရပ်စ်ရှိနေနိုင်၍ လက်ဖြင့် မကိုင်တွယ်ရ
- mask ကိုဖြုတ်ရာတွင် နားရွက်နောက်မှနေ၍ ကြိုးကိုကိုင်၍ ဖယ်ရှားရမည်
- အပြင်မှ ပြန်လာတိုင်း တစ်ခါသုံး mask များကို လုံခြုံစွာထုပ်ပိုးစွန့်ပစ်ပြီး ပြန်လည်လျှော်ဖွပ်နိုင်သည့် mask များကို ဆပ်ပြာဖြင့် လျှော်ဖွပ်ရမည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~