မကွေးမြို့ ပုဂ္ဂလိကဆေးရုံက သံသယလူနာဖြစ်ကြောင်း အသိမပေးဘဲ လူမှုကူညီရေးအသင်းကားဖြင့် လူနာကိုဆေးရုံလွှဲပို့စေ၍ လူမှုကူညီရေးအသင်းဝင် (၃)ဦးကို quarantine ပို့ထား

မကွေးမြို့ ပုဂ္ဂလိကဆေးရုံက သံသယလူနာဖြစ်ကြောင်း အသိမပေးဘဲ လူမှုကူညီရေးအသင်းကားဖြင့် လူနာကိုဆေးရုံလွှဲပို့စေ၍ လူမှုကူညီရေးအသင်းဝင် (၃)ဦးကို quarantine ပို့ထား
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
မကွေးမြို့ရှိ ပုဂ္ဂလိကဆေးရုံက သံသယလူနာဖြစ်ကြောင်း အသိမပေးဘဲ လူမှုကူညီရေးအသင်းကားဖြင့် လူနာကိုဆေးရုံလွှဲပို့စေ၍ လူမှုကူညီရေးအသင်းဝင် (၃)ဦးကို quarantine ပို့ထားရ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သံသယလူနာအား သင်ကြားရေးဆေးရုံကြီးသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ(၁၈)ရက်နေ့က လူနာလွှဲ့ပို့ရန် လူမှုကူညီရေးအသင်းအား အကူအညီတောင်းရာတွင် COVID-19 သံသယလူနာဖြစ်ကြောင်း အသိမပေးသဖြင့် အသင်းဝင် (၃) ဦး quarantine ဝင်လိုက်ရကြောင်း သိရသည်။
“ကျွန်တော်တို့ကိုခေါ်တာ ဆေးရုံကလို့တော့ မပြောဘူး။ လူနာရှင်ပဲဖြစ်ဖို့များပါတယ်။ ပုဂ္ဂလိကဆေးရုံက လူနာသင်ကြားရေး ဆေးရုံကို လွှဲချင်လို့ပါ။ ပို့ပေးဖို့ခေါ်လို့ သွားခေါ်ကြတာပါ။ ကျွန်တော်တို့က သင်ကြားရေးဆေးရုံရောက်လို့ လူနာချတော့မယ်ဆိုတော့ အဲဒီလူနာကို သီးသန့်ဆောင်တိုက်ရိုက်ပို့ဖို့ပြောတော့မှ သံသယလူနာမှန်း သိကြရတာ။ ဆေးရုံအချင်းချင်း ကျတော့ ကြိုချိတ်ထားတယ်။” ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ ကိုအောင်မျိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။
မကွေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ COVID-19 သံသယလူနာတစ်ဦးအား မကွေးသင်ကြားရေးဆေးရုံသို့ လွဲှပြောင်းပို့ဆောင်ရန်အတွက် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းအား အကူအညီတောင်းခံ၍ ပို့ဆောင်စေခဲ့သော်လည်း ယင်းပုဂ္ဂလိကဆေးရုံနှင့် လူနာရှင်မှ သံသယလူနာဟု ထုတ်ဖော်အသိပေးခဲ့ခြင်းမရှိသဖြင့် အသင်းဝင်(၂)ဦးမှာ Level 2 ဝတ်စုံပါရှိသော်လည်း ယာဉ်မောင်းမှာမပါရှိဘဲ ထိတွေ့မှု ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ပုဂ္ဂလိကဆေးရုံတစ်ခုက လူနာလွဲှပို့တာမှာ သံသယလူနာလို့မပြောတော့ ဟိုက PPE မဝတ်ဘူးလေ။ ဒီကိစ္စ တိုင်းကျန်းမာက တိုက်ရိုက်ကြီးကြပ်ဖို့တော့ အစိုးရအဖွဲ့က ညွှန်ကြားထားပြီးပါပြီ။ အရေးယူ၊ မယူ ဆိုတာကတော့ အစိုးရအပိုင်းနဲ့ တိုင်းကျန်းမာ အပိုင်းဖြစ်သွားပြီ။ အကူအညီ တောင်းတဲ့လူနာရှင်တွေရော၊ တရားဝင်ဆောင်ရွက်နေတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေရောဟာ လူနာရဲ့အခြေအနေကို မခြွင်းမချန် ပြောပြီးအကူအညီတောင်းဖို့လိုတယ်။ ဒါက မဖြစ်မနေ လိုကိုလိုအပ်တဲ့ သမားရိုးကျ မဟာဗျူဟာပဲ။ အဲဒါကို ပျက်ကွက်တာ။ ကျွန်တော်တို့ကတော့ လုံးဝ ဘဝင်မကျဘူး”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များထံသို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ အသိပေးထားကြောင်းသိရပြီး  Positive လူနာနှင့် ထိတွေ့မှုရှိခဲ့သူ အသင်းဝင် (၃)ဦးအား Qurantine ထားရှိကာ SWAB ယူ ၍ NHL ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ- ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~