ထိုင်းနိုင်ငံတွင် တစ်နေ့တည်း  COVID 19 ကူးစက်ခံထားရသူ (၁၃,၀၀၂)ဦး တိုးပြီး (၁၀၀)ကျော် သေဆုံး

ထိုင်းနိုင်ငံတွင် တစ်နေ့တည်း  COVID 19 ကူးစက်ခံထားရသူ (၁၃,၀၀၂)ဦး တိုးပြီး (၁၀၀)ကျော် သေဆုံး

ထိုင်းနိုင်ငံတွင် ဇူလိုင်လ(၂၁)ရက်‌ေနေ့ တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၁၃,၀၀၂) ဦးနှင့် သေဆုံးသူ (၁၀၈) ဦး ထပ်တိုးကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ထပ်တိုးလာသည့် အတည်ပြုလူနာများအနက် (၁,၀၄၉) ဦးမှာ အကျဉ်းထောင်များမှဖြစ်ပြီး ဆေးရုံဆင်းလူနာ (၈၂၄၈) ဦးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဧပြီလ (၁) ရက်နေ့ကတည်းက စတင်သည့် တတိယလှိုင်းအတွင်း အတည်ပြုလူနာစုစုပေါင်း (၄၁၀,၆၁၄) ဦး ထပ်တိုးသည့်အနက် ဆေးရုံဆင်းခွင့်ရသူ (၂၇၇,၀၃၀) ဦးရှိပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ကတည်းက ကူးစက်ပျံ့နှံ့ခဲ့သည့် COVID 19 ကပ်ရောဂါအတွင်း အတည်ပြုလူနာ စုစုပေါင်း (၄၃၉,၄၇၇) ဦးရှိနေပြီး ပြန်လည်သက်သာလာသူ (၃၀၄,၄၅၆) ဦးရှိပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင်း COVID 19 ကြောင့် သေဆုံးနှုန်းမှာ တတိယလှိုင်းတွင် အမြင့်ဆုံးဖြစ်နေသည်။