ထိုင်းနိုင်ငံက ပြန်လာသူ တစ်ဦးအပါအဝင် ဒေသတွင်းနေသူ တစ်ဦးတို့ထံက Covid-19 ပိုး စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံက ပြန်လာသူ တစ်ဦးအပါအဝင် ဒေသတွင်းနေသူ တစ်ဦးတို့ထံက Covid-19 ပိုး စစ်ဆေးတွေ့ရှိ
ဇူလိုင် 16, 2020
By Tachileik News Agency

ထိုင်းနိုင်ငံက ပြန်လာသူ တစ်ဦးအပါအဝင် ဒေသတွင်းနေသူ တစ်ဦးတို့ထံက Covid-19 ပိုး စစ်ဆေးတွေ့ရှိ

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန(၅)ခုတွင် ဓါတ်ခွဲနမူနာပေါင်း (၁,၆၂၀)ခုကို စစ်ဆေးရာက ထိုင်းနိုင်ငံက ပြန်လာသူတစ်ဦးနှင့် ပြည်ပခရီးသွားလာမှုမရှိသူ တို့တွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိရကြောင်း ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့ ည(၈)နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Covid-19 ပိုးတွေ့ရှိရသည့် နှစ်ဦးအနက် ထိုင်းနိုင်ငံမှ ပြန်လာသူ အသက်(၂၄)နှစ်အရွယ် အမျိုးသားမှာ ပြင်ဦးလွင်မြို့နယ်ကဖြစ်ပြီး အမရပူရမြို့တွင် အသွားအလာကန့်သတ်ထားသူဖြစ်ကြောင်း နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသားမှာ ပြည်ပခရီးသွားရာဇဝင်မရှိသည့်အပြင် အတည်ပြုလူနာနှင့်လည်း ထိတွေ့မှုမရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့ ည(၈)နာရီအချိန်အထိ covid-19 ကူးစက်ခံရသူ (၃၃၉)ဦး ရှိနေပြီး သေဆုံးသူမှာ (၆)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~