ကျိုင်းတုံတွင် Facilities Quarantine ဝင်နေသူများ၏အခြေအနေကို ကျန်းမာရေးဌာန စစ်ဆေး

ကျိုင်းတုံတွင် Facilities Quarantine ဝင်နေသူများ၏အခြေအနေကို ကျန်းမာရေးဌာန စစ်ဆေး
ဧပြီ 23, 2020
By Tachileik News Agency
ကျိုင်းတုံတွင် Facilities Quarantine ဝင်နေသူများ၏အခြေအနေကို ကျန်းမာရေးဌာန စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် Facilities Quarantine Center ကို  ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး တာဝန်ကျ ဝန်ထမ်းများအား ပြည်နယ်ကျန်းမာက ထောက်ပံ့မှုပေးအပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်နယ်ရုံးကို ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အတွင်းမှာ သိန်း (၂၀) ပေးအပ်တယ်။ အဲဒီ သိန်း (၂၀)ရှိတော့ ကျွန်တော်တို့က Qurarantine တစ်သုတ်ပြီးတိုင်း တတ်နိုင်သမျှ ထောက်ပံ့မယ်လို့ ဆုံးဖြတ်ပြီး ထောက်ပံ့ပေးတာဖြစ်တယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် ကျိုင်းတုံပညာရေးကောလိပ်မှ ပညာရတနာအဆောင်သစ်ကို ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၌ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“အဲဒီမှာ (၁၅)ယောက်ရှိတယ်။ တာဝန်ကျ ကျန်းမာရေးဝန်ထမ်း (၂)ဦးရှိတယ်။ Volunteer ကြက်ခြေနီ ရှိတယ်။ အပြင်စည်းမှာ ရဲနဲ့လုံခြုံရေးရှိတယ်။ ဒီ Quarantine Center ကို ခရိုင်နဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပူးပေါင်းဆောင်ရွက်ပေးနေတယ်။ ပညာရေးကောလိပ်က ကျောင်းသူဆောင်အသစ်မှာ ထားပေးထားတယ်။ ရေမီးစုံရှိတယ်။ ကျွေးတာမွေးတာကို ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခချုပ်ကိုယ်တိုင် ကြီးကြပ်ချက်ပြုတ်ကျွေးမွေးနေတယ်။ အခုချိန်ထိတော့ အားလုံး ကျန်းမာရေးအခြေအနေကောင်းတယ်။ (၅)ရက်အလိုမှာတော့  ဓါတ်ခွဲစစ်ဆေးတာလုပ်မယ်။  စားသောက်စရိတ်ကို စေတနာရှင်များ လှူဒါန်းတဲ့ ငွေနဲ့ပစ္စည်းကို အသုံးပြုပြီး ခရိုင်နဲ့မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  တာဝန်ယူပေးတယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ဆီမှာ Quarantine ထားတဲ့သူတွေဆီက မကောက်သေးပါဘူး။ တစ်ခြားဒေသတွေမှာတော့ ငွေကြေးကောက်တာတွေလည်း လုပ်နေပါတယ်”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

အဆိုပါ Quarantine Center တွင် ကျန်းမာရေးဝန်ထမ်း (၂)ဦး တာဝန်ချထားပေးပြီး ကြက်ခြေနီအဖွဲ့က Volunteer အဖြစ် လည်းကောင်း၊ လုံခြုံရေးကို ရဲတပ်ဖွဲ့ကလည်းကောင်း တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~