နယူးနော်မယ် မနီ ( New Normal )

နယူးနော်မယ် မနီ ( New Normal )
ဇူလိုင် 29, 2020
By Tachileik News Agency

 နယူးနော်မယ် မနီ

မနီကလေးကျောင်းသွားရင်
မတ်စ်တပ်ပြီးတော့ လွယ်အိတ်ပြင်။

ကျောင်းကိုအဝင် လက်ကိုဆေး
ကိုးဗစ်နိုင်တီး ကာကွယ်ရေး။

ခြောက်ပေအဝေး အနည်းဆုံးခွာ
ကျန်းမာပျော်ရွှင် သင်ပညာ။

ကူးစက်ရောဂါ ကင်းဝေးဘို့
လူစုလူဝေး ရှောင်ကြစို့။

( COVID - 19 ဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်မီကာလအတွင်း နေ့စဉ်နေထိုင်သွားလာသည့် နေထိုင်မှုပုံစံသစ် (New Normal) များဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က တိုက်တွန်းသတိပေးထားခြင်းဖြစ်ပါသည်။)