ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား test kit ဖြင့် COVID 19 စစ်ဆေးခ ကျပ်ငွေ တစ်သောင်းအဖြစ် ပြောင်းလဲ သတ်မှတ်

ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား test kit ဖြင့် COVID 19 စစ်ဆေးခ ကျပ်ငွေ တစ်သောင်းအဖြစ် ပြောင်းလဲ သတ်မှတ်
အောက်တိုဘာ 10, 2020
By Tachileik News Agency
ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား test kit ဖြင့် COVID 19 စစ်ဆေးခ ကျပ်ငွေ တစ်သောင်းအဖြစ် ပြောင်းလဲ သတ်မှတ် 
ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID 19 စစ်ဆေးခြင်းအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့မှစ၍ ကုန်တင်ယာဥ် စတင်ထွက်ခွာမည့် မြို့အထွက်နှင့် ပြန်လည်ဝင်ရောက်မည့် မြို့အဝင်တို့တွင် test kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ပြီး စစ်ဆေးခကို ကျပ်(၂)သောင်းမှ ကျပ် (၁)သောင်းသို့ ပြင်ဆင်သတ်မှတ်လိုက်သည်။
"ကုန်တင်ယာဉ်တွေကို ပြည်နယ်တွင်းကပဲဖြစ်ဖြစ်၊ ပြည်နယ်ပြင်ပကပဲဖြစ်ဖြစ် ဘယ်ကပဲလာလာ မြို့အဝင်ရော၊ အထွက်ရော နှစ်ခုလုံးမှာ စစ်သွားတော့မယ်။ လာမယ့် (၁၂) ရက်နေ့ကစပြီးတော့ ကျပ် (၁)သောင်းပဲ ကောက်တော့မယ်။"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ပြောသည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အောက်တိုဘာလ (၁၂)ရက်နေ့မှစ၍ ကုန်တင်ယာဉ်များ စတင်ထွက်ခွာရာမြို့မှနေ၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးပေးလိုက်မည်ဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့၏ အမည်၊ အသက်၊ ကျား/မ၊ ယာဉ်မောင်းလိုင်စင်နံပါတ်တို့ဖေါ်ပြထားမည့် COVID 19 စစ်ဆေးမှုတွင် Negative ဖြစ်ကြောင်း ထောက်ခံစာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုမထိခိုက်စေရေးအတွက် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အသွားအလာကန့်သတ်ခြင်းအစား test kit ဖြင့်စစ်ဆေးပေးသည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။

 Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~