ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်အမျိုးသမီးတစ်ဦး၌ COVID-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်အမျိုးသမီးတစ်ဦး၌ COVID-19 ပိုးတွေ့
နိုဝင်ဘာ 30, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်အမျိုးသမီးတစ်ဦး၌ COVID-19 ပိုးတွေ့ 
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတတ်ရောက်နေသည့် လူနာအား လာစောင့်ရှောက်သည့် အမျိုးသမီးတွင်  Covid-19 ကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၌ စစ်ဆေးတွေ့ရှိသည်။
လွိုင်ကော်ဆေးရုံကြီးသို့  ဗိုက်အောင့် ဝေဒနာဖြင့် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကုသမှုခံယူရန် ရောက်လာသည့် အမျိုးသားတစ်ဦးနှင့် လူနာစောင့်အဖြစ်လိုက်လာသည့် ၎င်း၏ အမျိုးသမီးအား RDT ဖြင့် စစ်ဆေးရာ လူနာစောင့်၌ COVID 19 ပိုးကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသမီးသည်လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းသိရပြီး နိုဝင်ဘာလ (၂၉) ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာရှိ ဆီးဘူးဘုရားရွှေသင်္ကန်းကပ်လှူရန် သွားရောက်ခဲ့ခြင်းကြောင့် ၎င်းနှင့်ထိတွေ့သူများအား ကျန်းမာရေးဌာနက ရှာဖွေ၍ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" ခု အခြေနေကတော့ သူတို့အိမ်ကော လမ်းတွေကော လော့ဒေါင်းချ လိုက်တာတွေ့တယ်။ ကျန်တာတော့ သေချာမသိရဘူး။ ပိုးတွေ့လို့ လို့ပြောတယ်။ ခရီးသွားရာဇဝင်လည်းမရှိဘဲ ပိုးတွေ့တယ်ဆိုတော့ စိုးရိမ်တယ်လေ။ ပြည်နယ်တွင်း ကူးစက်မှုတွေ တောက်လျှောက်ဖြစ်လာမှာ စိုးရိမ်တယ်။ "ဟုနောင်ယားရပ်ကွက်တွင် နေထိုင်သူဒေသခံတစ်ဦးကပြောသည်။ 
COVID-19 ရောဂါပိုးတွေ့ရှိသူ အတည်ပြု လူနာအမျိုးသမီးအား လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် နိုဝင်ဘာလ ၃၀  ရက်နေ့ထိ Covid-19 ပိုးတွေ့ အတည်ပြုလူနာ (၂၃) ဦးရှိပြီ ဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုထားသူ  (၁၆)ဦးရှိ နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသူ (၇)ဦးရှိသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~