ကျောက်မဲနှင့်နောင်ပိန်တို့တွင် Covid-19 ကူးစက်ခံထားရသူ (၁၁)ဦး ထပ်တိုး၍ စုစုပေါင်း (၇၈)ဦးအထိ ရှိနေ

ကျောက်မဲနှင့်နောင်ပိန်တို့တွင် Covid-19 ကူးစက်ခံထားရသူ (၁၁)ဦး ထပ်တိုး၍ စုစုပေါင်း (၇၈)ဦးအထိ ရှိနေ
ဇူလိုင် 4, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လ(၃)ရက်နှင့် (၄)ရက်နေ့များအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၁)ဦး ထပ်တိုးသည့်အတွက် ယနေ့ အချိန်အထိ စုစုပေါင်း အတည်ပြုလူနာ (၇၈)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

 ဇူလိုင်လ(၃)ရက်နေ့ ညပိုင်းက RDT Test Kit ဖြင့် စစ်ဆေးရာမှ ပိုးတွေ့သူ (၅)ဦး နှင့် ယနေ့ ဇူလိုင်လ(၄)ရက်နေ့တွင် PCR ဖြင့် စစ်ဆေးသည့် အဖြေအရ နောင်ပိန်ကျေးရွာမှ (၂)ဦး နှင့် ကျောက်မဲမြို့ပေါ်မှ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်တို့မှ တစ်ဦးစီ ထပ်တိုးလာပြီး ရပ်ကွက်(၈)တွင် (၂)ဦး စုစုပေါင်း (၁၁)ဦးတိုးလာခြင်း ဖြစ်သည်။ 

ထို့ပြင် နောင်ပိန်ကျေးရွာမှ ယခင်ပိုးတွေ့လူနာများနှင့် ထိစပ်မှုရှိထားသည့်အထဲက   ( ၁၄ )ဦး၏ ဓါတ်ခွဲနမူနာများကိုလဲ PCR စနစ်ဖြင့် ထပ်မံစစ်ဆေးနေပြီး အဖြေမရရှိသေးဟု သိရသည်။

ကျောက်မဲမြို့ပေါ်နှင့် နောင်ပိန်ကျေးရွာတို့တွင် ၂၀၂၁ခုနှစ် ဇွန်လ (၂၀)ရက်မှ ဇူလိုင်လ ၄ ရက် မွန်းလွဲပိုင်းအထိ Covid-19 ပိုးတွေ့သူ စုစုပေါင်း ( ၇၈ )ဦးရှိထားပြီဖြစ်ပြီး ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင်လည်း  သီးသန့် ကုသဆောင် ( ၂ )ခု ပြုလုပ်ထားရကာ နောင်ပိန်တိုက်နယ်ဆေးရုံတွင်လဲ Coivd-19 သီးသန့်ကုသဆောင်ဖြင့် ကုသပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။