ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စမှလွဲ၍ ပြည်တွင်းခရီးသွားလာမှု ကန့်သတ်

ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စမှလွဲ၍ ပြည်တွင်းခရီးသွားလာမှု ကန့်သတ်
စက်တင်ဘာ 10, 2020
By Tachileik News Agency
ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စမှလွဲ၍ ပြည်တွင်းခရီးသွားလာမှု ကန့်သတ်
ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စမှလွဲ၍ ပြည်တွင်းခရီးမထွက်ကြရန် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၌ COVID 19 အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ပြည်သူသို့ပန်ကြားလွှာ ထုတ်ပြန်လိုက်သည်။
ပြည်တွင်းကူးစက်မှုဖြစ်ပွားနေပြီး ဒုတိယလှိုင်းအတွင်း အတည်ပြုလူနာ (၁၆၃၅) ဦးထပ်တိုးကာ ယင်းတို့အနက် (၈)ဦးသေဆုံးခဲ့ပြီဖြစ်၍ COVID 19 ကိုအချိန်မီထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မဖြစ်မနေသွားလာရမည့် ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စမှလွဲ၍ ပြည်တွင်းခရီးသွားလာခြင်းမပြုကြရန် တားမြစ်လိုက်သည်။
မဖြစ်မနေ ခရီးသွားလာရသူများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို အတိအကျလိုက်နာကြရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် COVID 19 ကူးစက်မှု ဒုတိယလှိုင်းအတွင်း ပြည်တွင်းကူးစက်မှု လျင်မြန်စွာတိုးလာနေပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာစုစုပေါင်း (၂၁၅၀)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~