ကျောက်မဲမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည်သံသယလူနာ (၂)ဦးထပ်တိုး

ကျောက်မဲမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည်သံသယလူနာ (၂)ဦးထပ်တိုး
ဧပြီ 2, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည်သံသယလူနာ (၂)ဦးထပ်တိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့ နေ့လယ်ပိုင်းက အဆုတ်ကြပ်ရောဂါဖြစ်ပွားနေသူတစ်ဦးနှင့် ကြီးကြပ်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ကို စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

"အဲဒီလူနာက နိုင်ငံခြားက ပြန်လာသူ မဟုတ်ဘူး။  ကျောက်မဲမြို့အနီးက ကျေးရွာတစ်ခုမှာ နေတဲ့သူဖြစ်ပါတယ်။ အားလုံးသတိထားရမှာက နိုင်ငံခြားကပြန်လာမှ  ရောဂါကူးတတ်တာ မဟုတ်ပါဘူး။ မြို့နေလူထုအနေနဲ့ ပိုသတိထားဖို့လိုသလို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေ ဥပမာ- မကြာခဏ လက်ဆေးဖို့၊ အိမ်ထဲမှာ တတ်နိုင်သမျှနေဖို့၊ လူစုလူဝေးရှောင်ဖို့ စတာတွေလိုက်နာဖို့လိုပါတယ်။ ဒီရောဂါက ဘယ်သူ့ကိုမဆို ကူးစက်နိုင်တဲ့အတွက် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်"ဟု ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာကျော်မိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့အနီးရှိ ကျေးရွာတစ်ခုမှ အသက် (၆၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည့် လွန်ခဲ့သည့် (၁)လခန့်ကတည်းက ဖျားနာနေ၍ အထူးကုဆေးခန်းတစ်ခုမှတစ်ဆင့် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ကျောက်မဲပြည်သူ့ဆေးရုံတွင် စစ်ဆေးကုသနေစဉ် အဆုတ်ကြပ်ရောဂါ ဖြစ်ပွားမှု ပြင်းထန်လာသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးခြားကုသဆောင်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းလူနာကို ထိတွေ့ကြီးကြပ်မှုပြုလုပ်ပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကိုလည်း ဓါတ်ခွဲအဖြေစစ်ဆေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် ဧပြီလ (၂)ရက်နေ့ ညနေပိုင်းအထိ စောင့်ကြည့်လူနာ စုစုပေါင်း (၇)ဦးရှိသည့်အနက် (၅)ဦး၏ ဓါတ်ခွဲအဖြေကိုရရှိထားပြီး မတ်လ (၃၀)ရက်နေ့က အတည်ပြုလူနာတစ်ဦး တွေ့ရှိထားခြင်းဖြစ်သည်။

 Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~