မိုင်းယောင်းမြို့မှ အတည်ပြုလူနာ အမျိုးသမီး(၂)ဦး အလုပ် လုပ်ကိုင်ခဲ့သည့် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းက စားသောက်ဆိုင် နှစ်ဆိုင်ကို အသွားအလာ ကန့်သတ်ထား

မိုင်းယောင်းမြို့မှ အတည်ပြုလူနာ အမျိုးသမီး(၂)ဦး အလုပ် လုပ်ကိုင်ခဲ့သည့် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းက စားသောက်ဆိုင် နှစ်ဆိုင်ကို အသွားအလာ ကန့်သတ်ထား
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
မိုင်းယောင်းမြို့မှ အတည်ပြုလူနာ အမျိုးသမီး(၂)ဦး အလုပ် လုပ်ကိုင်ခဲ့သည့် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းက စားသောက်ဆိုင် နှစ်ဆိုင်ကို အသွားအလာ ကန့်သတ်ထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID 19 အတည်ပြုလူနာအဖြစ် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ညနေပိုင်း စစ်ဆေးမှု၌ တွေ့ရသည့် အမျိုးသမီး (၂) ဦး အလုပ် လုပ်ခဲ့သည့် တာချီလိတ်မြို့နယ်မှ စားသောက်ဆိုင် (၂) ခုကို အသွားအလာကန့်သတ်လိုက်ပြီဖြစ်သည်။
အဆိုပါ အမျိုးသမီး (၂) ဦးမှာ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုရွာရှိ နန်းဝိုးခေါင် စားသောက်ဆိုင်နှင့် မယ်ဟုတ်ရှိ 789 စားသောက်ဆိုင်တို့တွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်၍ အဆိုပါဆိုင်များတွင် နေထိုင်အလုပ် လုပ်သူများအား အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာများတွေ့ရသဖြင့် ဒီဇင်ဘာလ (၅)ရက်နေ့အထိ ဟိုတယ် (၂) လုံးနှင့် စားသောက်ဆိုင် (၄)ခုတို့ကို အသွားအလာကန့်သတ်ထားခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~