တာချီလိတ်မြို့၏ ဇူလိုင်လ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ပိုးတွေ့ရှိသူ (၂၂)ဦး တွေ့ရှိ

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ပိုးတွေ့ရှိသူ (၂၂)ဦး တွေ့ရှိ
ဇူလိုင် 15, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း Fever Clinic တွင် ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 လာရောက်စစ်ဆေးသူများအနက် (၂၂)ဦးတွင် Covid-19 ပိုးတွေ့၍ Covid-19 တတိယလှိုင်း၏ (၁၈)ရက်တာကာလအတွင်း Covid-19 ကူးစက်ခံရသူ (၄၆၀)ကျော်အထိ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပိုးတွေ့လူနာအများစုမှာ လူငယ်များသာဖြစ်၍ စိုးရိမ်ရသည့် လက္ခဏာများမပေါ်လွင်သည့်အတွက် ပိုးတွေ့ပြီးနောက် သတ်မှတ်ရက်အတိုင်း စောင့်ကြည့်ဆောင်များ၊ သက်ဆိုင်ရာ ဟိုတယ်များတွင် ထားရှိပြီး သတ်မှတ်ရက်များ ပြည့်သွားပါက နေအိမ်ပြန်ခွင့်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ Fever Clinic  တွင် နေ့စဉ် နံနက်(၈)နာရီကစ၍ ပိတ်ရက်မရှိ စစ်ဆေးခ ကျပ်(၁၀,၀၀၀)ဖြင့် စစ်ဆေးပေးနေရာတွင် ပိုးတွေ့လူနာများကို နေ့စဉ်တွေ့ရှိနေရသည့်အတွက် ပိုးတွေ့လူနာများကို ထားရှိရန် စောင့်ကြည့် ကုသဆောင်များ တိုးချဲ့ထားကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က စတင်လာရာ ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးတွင် တာချီလိတ်မြို့က ကူးစက်မှု အမြှင့်ဆုံးအဖြစ် (၄၆၀)ကျော်အထိ ရှိနေပြီး ကျိုင်းတုံမြို့က ဒုတိယအဆင်အနေဖြင့် (၅၃)ဦးအထိ ရှိနေသည်။