ကိုရိုနာဗိုင်းရပ်စ် ပါဝင်နိုင်တဲ့ အစက်အမှုန်များဟာ အကွာအဝေး ဘယ်လောက်ထိ ရောက်စေနိုင်သလဲဆိုတာ

ကိုရိုနာဗိုင်းရပ်စ် ပါဝင်နိုင်တဲ့ အစက်အမှုန်များဟာ အကွာအဝေး ဘယ်လောက်ထိ ရောက်စေနိုင်သလဲဆိုတာ
ဇန်နဝါရီ 29, 2021 | Covid-19

သင်သိပါသလား…..

ကိုရိုနာဗိုင်းရပ်စ် ပါဝင်နိုင်တဲ့ အစက်အမှုန်များဟာ အကွာအဝေး ဘယ်လောက်ထိ ရောက်စေနိုင်သလဲဆိုတာ

  • နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ပုံမှန် အသက်ရှုထုတ်ခြင်းတွင် အနီးဝန်းကျင် (၅) ပေခန့်အထိ ရောက်နိုင်ပါသည်။
  • စကားကို ကျယ်လောင်စွာပြောခြင်းနှင့် သီချင်းဆိုခြင်းတွင် ပုံမှန်ပျံ့နှံ့မှုထက်ပိုသည့် အကွာအဝေးသို့ ရောက်နိုင်ပါသည်။
  • ပါးစပ်ကို မဖုံးအုပ်ဘဲ ချောင်းဆိုးခြင်းမှ (၆) ပေခွဲခန့်အထိ ရောက်နိုင်ပါသည်။
  • ပါးစပ်၊ နှာခေါင်းကို မဖုံးအုပ်ဘဲ နှာချေခြင်းမှ (၁၉) ပေခွဲခန့်အထိ ရောက်နိုင်ပါသည်။

အလုံပိတ်ခန်းများ၊ အဲယားကွန်းအခန်းများ နဲ့ လေဝင်/လေထွက် မကောင်းသော အခန်းများတွင် ဗိုင်းရပ်စ်ပိုး ပို၍ပျံ့ပွားကူးစက်စေနိုင်ပါသည်။

ကိုးကား - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန