ထိုင်းနိုင်ငံက ပြန်လာသူ (၄)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပြန်လာသူ (၁)ဦးတွင် Covid-19 ပိုးတွေ့ရှိ

ထိုင်းနိုင်ငံက ပြန်လာသူ (၄)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပြန်လာသူ (၁)ဦးတွင် Covid-19 ပိုးတွေ့ရှိ
ဇူလိုင် 13, 2020
By Tachileik News Agency

ထိုင်းနိုင်ငံက ပြန်လာသူ (၄)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပြန်လာသူ (၁)ဦးတွင် Covid-19 ပိုးတွေ့ရှိ

ထိုင်းနိုင်ငံမှ ပြန်လာသူ (၄)ဦးနှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၃၃၆)ဦး ရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၂၄၉)ဦး ရှိလာပြီဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြန်လာသူ (၄)ဦးနှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ (၁)ဦးတို့မှာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၌ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay)နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့တွင် ဇူလိုင်လ (၁၃)ရက်နေ့ညနေပိုင်းက ဓာတ်ခွဲနမူနာ စုစုပေါင်း (၇၉၀)ခု အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~