ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း (၅)ရက်တာ ဝန်းကျင်တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦးအထိ တွေ့ရှိရမှု အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း (၅)ရက်တာ ဝန်းကျင်တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦးအထိ တွေ့ရှိရမှု အခြေအနေ
နိုဝင်ဘာ 27, 2020
By Tachileik News Agency
 
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း (၅)ရက်တာ ဝန်းကျင်တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦးအထိ တွေ့ရှိရမှု အခြေအနေ
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ စ၍ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ  Covid-19 အတည်ပြုလူနာ (၁၂)ဦးအထိတွေ့ရှိထားရပြီး မြို့နယ်များတွင် တာချီလိတ်မြို့က အတည်ပြုလူနာ အများဆုံးဖြစ်နေသည်။

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာအား နိုဝင်ဘာလ(၂၂)ရက်နေ့က စ၍ တွေ့ရှိပြီးနောက် နိုဝင်ဘာလ (၂၇)ရက်နေ့ ည(၈)နာရီအထိ စုစုပေါင်း (၉)ဦးအထိ ရှိနေပြီဖြစ်သည်။

တာချီလိတ်မြို့တွင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးက ရောက်ရှိလာသည့် (၄၀)ကျော်အဖွဲ့အား နိုဝင်ဘာလ (၂၂)ရက်နေ့က စစ်ဆေးရာ တစ်ဦးတွင် ပိုးတွေ့ရခြင်းဖြစ်ပြီး ၎င်းနှင့်ထိတွေ့သည့် လမ်းလုပ်သားနောက်တစ်ဦးတွင်လည်း နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းက အနံ့ပျောက်နေသည့် အမျိုးသမီးအား RDT ဖြင့် စစ်ဆေးရာတွင် Covid-19 ပိုးတွေ့ရှိခြင်းဖြစ်ပြီး ဆက်လက်၍ ၎င်းနှင့်ထိတွေ့မှုရှိသည့် ကျိုင်းတုံမြို့မှ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးတွင်လည်း နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းက ပိုးတွေ့ရှိရသည်။

ဆက်လက်၍ တာချီလိတ်၏ အတည်ပြုလူနာ အမျိုးသမီးနှင့် ထိတွေ့မှုရှိသူများကို ဆက်လက်၍ RDT ဖြင့် စစ်ဆေးရာတွင် နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းက (၄)ဦး၊ ညနေပိုင်းက (၁)ဦး နှင့် ညပိုင်းတွင် (၁)ဦး စုစုပေါင်း (၆)ဦးကို  စစ်ဆေးတွေ့ရှိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းဖြစ်သည့် မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင်လည်း နိုဝင်ဘာလ(၂၇)ရက်နေ့၏ နေ့လည်ပိုင်းက လမ်းလုပ်သားအဖွဲ့ထဲက တစ်ဦးတွင် လည်းကောင်း  ညနေပိုင်းတွင်  ရန်ကုန်မှလာသည့် အမျိုးသားတစ်ဦးထံက လည်းကောင်း Covid-19 ပိုးစစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ နိုဝင်ဘာလ(၂၇)ရက်နေ့ ည(၈)နာရီအချိန်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းဖြစ်သည့် တာချီလိတ်မြို့တွင် အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၅)ဦး၊ ကျိုင်းတုံမြို့တွင် မိန်းကလေး(၁)ဦး နှင့် မိုင်းတုံမြို့တွင် အမျိုးသား (၁)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း Covid-19 အတည်ပြုလူနာ (၁၂)ဦး ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် တာချီလိတ်မြို့၌ အတည်ပြုလူနာများနှင့် ထိတွေ့သူများထဲက စုံစမ်းဖော်ထုတ်ရရှိသမျှကို Quarantine ထားရှိပြီး စုံစမ်းဖော်ထုတ်၍ မရသေးသည့် ထိတွေ့သူများကိုလည်း သက်ဆိုင်ရာက Covid-19 စစ်ဆေးပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~